အပိုင်း ၂၀ (Z/U)

Start from the beginning
                                    

သွေးက အတ္တကြီးလှသော အဘွားဖြစ်သူကို စိတ်ဆိုးဆိုးနဲ့ သေချာစိုက်ကြည့်ပြီးနောက်အခန်းထဲက ထွက်လာခဲ့လေသည်။ထို့နောက် အခန်းအပြင်ဘက်တွင် ရပ်နေသော အန်တီတိုးကိုတွေ့သောအခါ ခုနက စကားတွေကို အန်တီတိုး ကြားသွားပြီဟု သွေး သိလိုက်လေသည်။အန်တီတိုးက သွေးကိုတွေ့တော့ အနည်းငယ်လန့်သွားပြီးနောက် သွေးကိုပြုံးပြကာ မေးလာလေသည်။

"ကိုမဟော့်အခြေအနေဘယ်လိုနေလဲဟင်"

သွေးက အန်တီတိုးကို စိတ်မကောင်းဖြစ်စွာကြည့်ပြီး ပြောလိုက်လေသည်။

"ဉီးမဟော်က ခေါင်းဒဏ်ရာကြောင့်မှတ်ဉာဏ်အနည်းငယ်​ပျောက်သွားတာလို့ပြောတယ် ဒါမဲ့မကြာခင်ပြန်သတိရလာမယ်လို့ကျွန်တော်ထင်တယ် ခေါင်းကိုက်ခေါင်းမူးတာတွေကိုတော့သတိထားလို့ပြောတယ် ကျန်တာကတော့ဘာမှမစိုးရိမ်ရပါဘူး ပြီးတော့ အန်တီတိုး ခုနက"

တိုးက သွေးကိုပြုံးပြရင်း စကားဖြတ်ကာ ပြောလိုက်လေသည်။

"ရပါတယ် အန်တီတိုး စိတ်ထဲဘာမှမထားပါဘူး သူအခုအဆင်ပြေတယ်ဆိုရင်ပဲ အန်တီတိုးဝမ်းသာလှပါပြီ ကျန်တာတွေအန်တီခေါင်းထဲ ဘာမှမရှိဘူး သူ့အမေပြောသလိုဒီတိုင်းပဲထားလိုက်ပါ"

သွေးက တိုးရဲ့စကားကိုကြားတော့စိတ်ဆိုးဆိုးနဲ့ပြောလာလေသည်။

"ဘွားဖြူကလည်း တစ်မျိုး အန်တီတိုးကလည်း တစ်မျိုး ကြားထဲက ဉီးမဟော်က မှတ်ဉာဏ်တွေ ပြန်သတိရလာရင်ဘယ်လိုလုပ်မလဲ သူဝမ်းနည်းရမှာပေါ့"

"ဒါမဲ့ သူပြန်သတိရလာမယ် မရလာဘူးဆိုတာက မသေချာသေးပါဘူး သူအခုလိုမှတ်ဉာဏ်တွေပျောက်ဆုံးနေတာပဲကောင်းပါတယ် သားသိလား သူဘာလို့ကားကိုအမြန်မောင်းလာလဲဆိုတာ သူက အန်တီသူ့ကိုသူပြန်လာရင်ပြန်အဖြေပေးပါမယ်လို့​ကတိပေးလိုက်လို့ သူအမြန်ပြန်လာတာနေမှာ အဲ့စိတ်နဲ့ အန်တီကိုယ့်ကိုယ်ကို အပြစ်တင်လို့မဆုံးဘူး တကယ်လို့ သူသာပြန်သတိရလာခဲ့လို့ အဲ့လိုသာ ဖြစ်ခဲ့တယ်လို့သူသိရင် သူအန်တီကို စိတ်ဆိုးမှာကိုကြောက်တယ် "

တိုးက စိတ်မကောင်းဖြစ်စွာပြောလိုက်တော့ သွေးက စိတ်ပျက်ပျက်နဲ့ တိုးကိုကြည့်ကာ ပြောလိုက်လေသည်။

You've reached the end of published parts.

⏰ Last updated: Mar 22, 2022 ⏰

Add this story to your Library to get notified about new parts!

ဖြူလွှနှင်းဆီချစ်၏ သို့သော်.......Where stories live. Discover now