လင်းခန်းအတွက်တော့ ပိုကောင်းတယ်ဆိုတာ မရှိနိုင်တော့ဘူး။ ဘတ်စ်ကားက တအားခုန်တော့ သူ့ခမျာ အမြဲတမ်း မူးဝေပျို့အန်ရတယ် :: "ဒါဆို ငါတို့တွေ ဘယ်ချိန်ထွက်ကြမလဲ? ငါ သေချာပေါက် အချိန်ကိုက် လာခဲ့မယ်...တကယ်တော့ ငါ အတန်းလစ်လိုက်ဝောာ့မလို့ ငါတို့အတန်းက မင်းတို့အတန်းထက် ဆယ်မိနစ် နောက်ကျပြီးမှ ပြီးတာလေ"

"မင်းအတန်းပြီးမှ ထွက်လာခဲ့။ အဆင်ပြေတယ်။ အေးဆေးလုပ် ငါ မင်းကို စောင့်ပေးမယ်။"

လင်းခန်းက ကျေးဇူးတင်ကြောင်း ပြောလိုက်တယ်။ အဲ့နောက် သူ့အိတ်ကပ်ထဲက ဖုန်းတုန်ခါလာတာကို ခံစားမိတော့ သူ ဖုန်းထုတ်ကာ gp chatကို ဖွင့်ဖတ်လိုက်တယ်။ messageတွေ တစ်ပုံကြီး ကျလာပြီး သူလည်း tagခံထားရတယ်။

"ဒီအရူးတွေ ပိတ်ရက်မှာ အိမ်မပြန်ဘဲ လျှောက်လည်ဖို့ လူစုနေကြသေးတယ်" လင်းခန်းက တတွတ်တွတ် ဆက်ပြောတယ် :: "ဘာမှလည်း လုပ်စရာမရှိဘူး။ စူးနျန်က သူလည်း လိုက်ချင်တယ်လို့ ပြောထားတယ်။ ခုနစ်ရက်တည်း ဘာမှလုပ်မရဘူး... မင်း သွားမှာလား?"

ဖိန့်ရန်က သူ့ကို ဇဝေဇဝါ ပြန်ကြည့်လာတယ် :: "ဘယ်နေရာလဲ?"

"ခရီးသွားမှာလေ။ မင်း gpထဲမှာ ပြောထားတာတွေကို မဖတ်ကြည့်ရသေးဘူးလား?"

ဖိန့်ရန် :: "ငါ gpထဲမှာ မရှိဘူး။"

လင်းခန်းတစ်ယောက် ကြောင်အသွားပြီး သေချာအောင် chat listကို ပြန်စစ်ဆေးလိုက်တယ်။

ဖိန့်ရန်က gpထဲမှာ တကယ်ရှိမနေတာပဲ။

ဒီgpကို အရင်တစ်ပတ်က စူးနျန်ဖွင့်ထားတာ။ စူးနျန်က ဒီလိုမျိုးတွေ လုပ်ရတာ ကြိုက်တယ်။ gpထဲမှာ အယောက်သုံးဆယ်ကျော်လောက် ရှိတယ်၊ လင်းခန်းက အဲ့အချိန်တုန်းက ဖိန့်ရန်တို့ ပြတ်သွားတာကို မသိသေးတာကြောင့် gpထဲ ဖိန့်ရန်ရှိနေမယ်လို့ ထင်လိုက်မိတာ။

သူနဲ့ ဖိန့်ရန်က gp chatတော်တော်များများမှာ ရှိနေပေမဲ့လည်း ဖိန့်ရန်က စကားအများကြီး ဝင်မပြောတတ်ဘူး။ သူ့ကို တစ်ယောက်ယောက် tagထားမှ ဝင်ပြောလေ့ရှိတယ်၊ ဒါကြောင့် လင်းခန်းက ဖိန့်ရန်တစ်ယောက် ဒီgpအသစ်ထဲ ရှိမနေတာကို သတိမပြုမိလိုက်တာဖြစ်တယ်။

ငါ မင်းရဲ့ကောင်လေးကို အချိန်အကြာကြီး ကြိုက်လာတာ [ဘာသာပြန်]Where stories live. Discover now