''အဲ့ဒါ အကြီးကောင်လေးလေ....နှောင်းနဲ့မတူဘူးလား''

''........''

'' နှောင်း...ကိုယ့်ကို စိတ်ဆိုးနေတုန်းပဲလား''

''......''

စက်မေးလိုက်တော့ တို့နေတဲ့ လက်လေးတန့်သွားကာ သူ့အားမော့ကြည့်လိုက်သည်။ သို့ပေမဲ့ ခဏပဲ။

''ကိုယ်လေ နှောင်းနိုးလာရင် ဖြေရှင်းဖို့သက်သေရှာထားပီးသားပါ.... နှောင်းနေပြန်ကောင်းရင် ကိုယ်သေချာရှင်းပြပါ့မယ်နော်''

''ဘယ်သူကမေးနေလို့လဲ ''

''နှောင်းက စကားမပြောတော့ စိတ်ဆိုးတယ်ပဲထင်တာပေါ့လို့.... ကိုယ်ဘယ်လောက်စိုးရိမ်သွားလဲသိရဲ့လား... နှောင်းတစ်သက်လုံးနိုးမလာရင်ဘယ်လိုလုပ်မလဲလို့လေ။ နှောင်းသာ တစ်ခုခုဖြစ်ရင် ကိုယ်ရင်ကျိုးရမှာ''

''ကျွန်တော်သေသွားလဲ နောက်တစ်ယောက်က အဆင်သင့်ရှိနေတာ မဟုတ်ဘူးလား''

''မဟုတ်ပါဘူးကွာ... ကိုယ်ကနှောင်းကိုပဲ သစ္စာရှိသွားမှာ''

'' အပြောပဲမလုပ်နဲ့ လက်တွေ့လုပ်ပါ့လား''

ဟု တိုးတိုးလေး ရေရွတ်လိုက်သည်။ သို့ပေမဲ့ အနားနီးနေတာကြောင့် စက်ကြားဖြစ်အောင်ကြားလိုက်သည်။ အဲ့လို သူ့ရဲ့အချစ်လေးက အသဲယားအောင် သိပ်လုပ်ပါတယ်။

''ကိုယ့်ကို ခွင့်လွှတ်ပေးပါနော်''

မျက်နှာငယ်လေးနဲ့ အနားမှာထိုင်ပီး ပြောလာသော စက်ဧကရာဇ် ရယ်ပါ။

'' ဟွန့် သိပ်မကျေချင်သေးဘူး... ဒီခါ ပထမဆုံးကြိမ်နဲ့ နောက်ဆုံးဖြစ်ပါစေ''

''အင်းအင်း... ကိုယ်ကတိပေးတယ်...ကိုယ်လေ အဲ့ဟာမလေးနဲ့ စာချုပ်တွေအကုန်ဖြတ်သိမ်းလိုက်ပီသိလား... နောက်ဘယ်တော့မှ ပတ်သတ်စရာ မလိုအောင်ကို မြေပါလှန်လိုက်ပီ..... အဲ့ဒါကြောင့်စိတ်ချ''

မှိုရထားတဲ့ မျက်နှာလို ပြုံးဖြီးကာ ပြောင်းလဲသွားတဲ့ စက်။ သိပ်မကျေချင်ဘူးဆိုပေမဲ့ ပထမဆုံးအကြိမ်နဲ့ နောက်ဆုံးအကြိမ်ဖြစ်ပါစေဆိုတဲ့ စကားအရဆိုရင် ခွင့်လွှတ်ပေးလိုက်တယ်လို့ ဆိုလိုတာပဲမလား။ နောက်ခါမဖြစ်အောင်ပဲဆင်ခြင်ရမှာပေါ့။

Soulmates (Completed)Where stories live. Discover now