" ကျွန်တော်ချစ်ခဲ့သော သူမအမျိုးသား " ( BL- Part 8 )

118 10 2
                                    

" ကျွန်တော်ချစ်ခဲ့သော သူမအမျိုးသား "

         အခန်း ( ၈ )

      အမူးလေးပြေပြီး တစ်ရေးနိုးတော့ ကောင်းညို့မာန်တစ်ယောက် သူ့ဘေးမှာ ကပ်ပြီးအိပ်ပျော်နေသော ဝန်းရံခကို သူတွေ့လေတော့သည်။ တွေ့တွေ့ချင်းတော့ ဒေါသလေးတွေက မပြေသေးတော့ ချက်ချင်းဆိုသလို ထပြီးသောင်းကျန်းလိုက်ချင်သော်လည်း မြစ်ကမ်းဘေးမှနေ အိမ်ထိပြန်ရောက်​နေပြီး အဝတ်အစားလဲကာ ရေပတ်ပါသုတ်ထားပေးသော အဖြစ်ကို ပြန်စဥ်းစားမိရင်း ဒေါသကပြေသွားပြန်သည်။

  " ဒါတွေကြောင့်ဘဲ ခင်ဗျားကြီးကို ကျွန်တော်က ကြွေနေရတာ အခုလိုကျတော့ စိုးရိမ်တက်သေးတယ်ဟုတ်လား "

" ကျွန်တော့်ကို ခင်ဗျားမချစ်တော့မှာ အသေကြောက်တာ ခင်ဗျားသိရဲ့လား ခင်ဗျားသိထားဖို့က ဒီမင်္ဂလာပွဲကို ဘယ်သူတွေ ဘယ်လိုစီစဥ်စီစဥ် ကျွန်တော်ရအောင်ဖျက်ပြမယ် ခင်ဗျားဟာ ကျွန်တော့်အပိုင်ဘဲ အဆုံးသတ်မှာ ခင်ဗျားကိုမရဘူးဆိုရင်တောင် အဲ့မိန်းမရဲ့သမီးလက်ထဲတော့ လုံးဝမပေးနိုင်ဘူး မေမေတုန်းကလည်း သူ့အမေကို ရှုံးခဲ့ရတယ် အခုသူ့သမီးလက်ထက်မှာတော့ ကျွန်တော်က နိုင်ကိုနိုင်ရမယ် ပြီးတော့ ခင်ဗျားသိထားရမှာက ခင်ဗျားကို ကျွန်တော် အသေချစ်တာ ခင်ဗျားလည်း ကျွန်တော့်ကိုပဲ ချစ်နေရမယ် "

     ပြောနေရင်း သေချာကြည့်တော့ မျက်နှာရိုးလေး အနည်းငယ်ကားသယောင်ထင်ရကာ ယောင်္ကျားဆန်သော မျက်နှာ၊ သိပ်ကိုကြည့်ကောင်းသော မျက်ခုံးတွေက သူ့ကိုဆွဲဆောင်စေသည်။

" ခင်ဗျား သိလား ကျွန်တော့်ရဲ့ပထမအနမ်းက ခင်ဗျားဖြစ်ခဲ့တာ ဟားဟား ဘယ်သိမလဲ ခင်ဗျားကြီးအိပ်နေတုန်း ကျုပ်ကခိုးနမ်းခဲ့လို့လေဗျာ နောက်လည်း နမ်းနေကျပဲလေ သိထားဖို့က အစကတည်းက ခင်ဗျားကို ကျုပ်ပိုင်ပြီးသားဆိုတာ "

       စကားလေးပြောလိုက် ဘေးနားမှာ အိပ်နေသော ဝန်းရံခကိုကြည့်လိုက်နှင့် အရမ်းတွေသဘောကျနေသည်။

" ညတိုင်းလိုလို ဘေးနာမှာ အိပ်စေချင်တာ မတက်နိုင်သေးလို့သာ ခင်ဗျားကို ကျုပ်ကလွတ်ထားတာ "

" ကျွန်တော်ချစ်ခဲ့သော သူမအမျိုးသား " Donde viven las historias. Descúbrelo ahora