အချိန်ခဏတာအိပ်ပျော်သွားသည့်နောက်
ခါးပေါ်ကခပ်တင်းတင်းအရာ ဂုတ်နား
မှာလည်းခပ်နွေးနွေး အရာကထိလိုက်ခွာလိုက်
နဲ့ နေရာမလပ် လှုပ်ရှားနေတော့မနေတတ်တော့

အိပ်မောကျနေချိန်အနှိုးခံရသလိုမပွင့်သေးသော
မျက်လုံးတေ‌ွကိုအားယူဖွင့်လို့ နောက်ကိုလှည့်
ကြည့်မိတော့ ကင်မ်ဖြစ်နေသည်။

" ကင်မ် ဘယ်တုန်းကပြန်ရောက်- အ့! "

ကင်မ့်ကိုမြင်မှလုံးလုံးနိုးသွားသူက အံ့‌ဩ
စွာနဲ့မေးသောစကားကမဆုံးလိုက် လည်ပင်း
အားခပ်ဖွဖွကိုက်ပစ်သော ကင်မ်က

" အနံ့တွေအရမ်းပြင်းတာဘဲ ငယ်...
Heat တက်နေတာလား "

ပြန်မေးသူစကားကြောင့်နည်းနည်း အို့တို့အန်းတန်း
ဖြစ်သွားရသည်။

" ဟုတ်တယ် ... "

" ဆေးမဆောင်ထားရင်လည်း ကိုယ့်ကို
ဖုန်းဆက်ရောပေါ့ "

ခပ်အေးအေးပြောလာသူရဲ့စကားကြောင့်
ရှက်ကိရှက်ကန်းနဲ့နှုတ်ခမ်းကိုကိုက်၍
မကြည်ကြည့်လေးပြန်ကြည့်သည်။

ဆေးမဆောင်ထားတာတော့သိပြီး အလိုက်ကျ
မသိတတ်တဲ့သူကကိုယ့်ကိုအခုပြန်ဆူနေတယ်ပေါ့

" သူကျ လူကိုအလိုက်မသိပစ်ထားပြီးတော့ "

" အလိုက်သိလို့အခုစောစောပြန်လာတာပေါ့ "

ခပ်တိုးတိုး တစ်ချက်ရယ်၍ မျက်နှာလေး
လွဲထားသည့် သူနားထင်စပ်ကလေးကို
နမ်းလို့ ပြန်ဖြေ၏။

" ဆယ်နာရီခွဲကိုစောသေးသလား "

" အရင်ရက်ကထက်တော့စောပါတယ် ငယ်ရယ် "

အဲ့သလိုဖြေရင်း လွဲထားသည့်သူ့မျက်နှာကို
ခပ်ဖြေးဖြေးသူ့ဘက်လှည့်ရင်း နှုတ်ခမ်းတွေဆီ
ဦးတည်လာသောအနမ်းတို့စမည့်ဆ‌ဲဆဲသူလက်ခံ၍
တားလိုက်သည်။ သူမကျေနပ်သေးဘူး

" ငယ် Heat တက်တာပြီးသွားပြီလေ "

" ကိုယ်ကတော့အခုမှစတာ..."

ထို့သို့ပြော၍ လက်ကိုဆွဲဖယ်ကာချုပ်ထားရင်း
သူနစ်နစ်သည်းသည်းနမ်း၏။

" ခဏ...ခဏလေး ကင်မ် "

ရင်ဘတ်ကိုအသာတွန်းလို့ သူအနမ်းတွေကို
ရပ်ဆဲတော့သူကသဘောမကျချင်...။

𝗠𝘆 𝗣𝗲𝗿𝗳𝗲𝗰𝘁 𝗔𝗹𝗽𝗵𝗮 [ 𝙑𝙠𝙤𝙤𝙠 ]©✓Wo Geschichten leben. Entdecke jetzt