သူနဲ့jinထွက်ပြေးတမ်းရှောင်လာရင်းနဲ့ရွာငယ်လေးတစ်ခုကိုရောက်လာတယ်.jinနဲ့သူအတော်ကိုပင်ပန်းနေပီ.နားခိုစရာတစ်ခုရှာမှဖြစ်ပေမည်." ကိုယ်အိမ်တစ်အိမ်မှာအကူအညီတောင်းကြည့်ပါမယ်..ကိုယ့်အချစ်ပင်ပန်းနေချေပီ "
" ဟုတ်ကဲ့ "
သူတို့ရှေ့နားကအိမ်တစ်အိမ်ထဲကိုဝင်လာလိုက်သည်.အိမ်ရှေ့ကွတ်ပျစ်ပေါ်ကအဖိုးကထလာသည်.
" လူလေးတို့ဘာများဖြစ်လို့လဲ "
" အကူအညီလေးလိုချင်လို့ပါ.ကျနော်တို့နှစ်ယောက်ကခရီးနှင်လာတာအတော်ကြာပီးတော့ခိုနားစရာမရှိဖြစ်နေလို့ပါ "
" အဖိုးကူညီနိုင်ပါတယ်.လာပါဟိုကောင်လေးပုံကြည့်ရတာလဲပျော့ဖက်ဖက်နဲ့လာလာသူ့ကိုအိမ်ပေါ်မှာအနားယူခိုင်းလိုက် "
" ကျေးဇူးတင်ပါတယ် "
Jinကိုအခန်းတစ်ခန်းတွင်အနားယူခိုင်းလိုက်သည်.
သူကတော့အခန်းပြင်ထွက်ကာအဖိုးနဲ့သူ့ဇနီးတို့နှင့်အတူစကားစမြည်ထိုင်ပြောနေသည်." အို..ဒါဆိုအထဲကကောင်လေးကမင်းချစ်သူပေါ့ဟုတ်သလားကွယ်... "
" ဟုတ်ပါတယ်အဖွား... "
" အင်းကွယ်..ချစ်လို့ခေါ်လာပီးမှတော့ကောင်းကောင်းမွန်မွန်ထားရမယ်ကွယ့် "
" ကျနော်သူ့ကိုစောင့်ရှောက်မှာပါ "
" အေး.အေး.ဒါနဲ့မင်းတို့ကမိဘတွေသဘောမတူလို့ထွက်ပြေးလာကြတာပေါ့ "
" ဟဲ.ဟဲ..ဟုတ်ကဲ့ဗျ "
" အိုဟိုး..တယ်လည်းကယ်တဲ့လူငယ်တွေ "
" ဟီး.. "
ညနေစောင်းနေပီမို့jinကိုနှိုးကာထမင်းကျွေးရတော့မည်.jinကမနက်ကတိုင်ဘာမှမစားရသေးပေ
" jin..ထတော့လေ..အားမပျက်အောက်အစာစားရမယ်မလား... "
" ဟင့်အင်း..jeonကိုဖက်ထားပီးနေချင်တယ် "
JinကJeonခါးကိုဖက်ကာရင်ခွင်ထဲတိုးဝင်သည်.
Jinနဖူးလေးကိုjeonကဖိကပ်နမ်းလိုက်သည်..
အဲ့အချိန်အခန်းတံခါးပွင့်လာပီးအဖွားကထမင်းပန်းကန်ချပေးကာပြုံးတုံး"နဲ့အပြင်ပြန်ထွက်သွားသည်.jinကတော့ရှက်ရှက်နဲ့jeonရင်ခွင်ထဲသာပိုတိုးဝင်သည်.