အပိုင်း ၁၉ (Z/U)

Börja om från början
                                    

"ခန့်ငါတို့ပြောနေတာ တစ်ခြားအကြောင်းအရာပါ ဘာလို့လက်ထပ်မဲ့ကိစ္စတွေပါ ပါလာရတာလဲ ကိုခန့်လေး မင်းဘာဖြစ်နေတာလဲကွာ မင်းကငါ့ကို အကြောင်းမရှိပဲ စိတ်ဆိုးတယ် ငါလဲဘာမှမသိရဘူး ဒါမဲ့ငါမင်းကို လာချော့တယ်လေ အခုလာချော့ပြန်တော့လဲ မင်းက ငါ့ကို အခုလိုတွေထပ်ပြောပြန်တယ် မင်းဘာဖြစ်ချင်နေတာလဲကွာ ငါမင်းကို နားကိုနားမလည်တော့ဘူး"

ခန့်က သွေးစကားကိုကြားတော့သွေးကိုကြည့်နေရာမှတစ်ဖက်သို့လှည့်သွားပြီး ဂရုမစိုက်သလိုနဲ့ပြောလာလေသည်။

"မင်း ငါ့ကို နားမလည်လဲ ဘာမှမဖြစ်ဘူး နားလဲနားလည်မပေးနဲ့ မင်းမိန်းမရမှာသာ ငါ့ကိုအကြောင်းကြားပါ ဒါပဲ အခု ငါအလုပ်ရှိတယ် အဲ့ကြောင့် သွေး မင်းပြန်တော့ "

သွေး တကယ်ပဲခန့်ကို နားကိုနားမလည်နိုင်တော့ပါ။အရင်က သွေးကို ဂရုစိုက်ကြင်နာသလောက် အခုတော့ ကိုခန့်လေးက သွေးအပေါ်တစိမ်းဆန်နေလေသည်။ဘာကြောင့် ဒီလိုမျိုးရုပ်တရပ်ကြီး ဖြစ်သွားမှန်းကို သွေးမသိတော့ပါ။ထို့ကြောင့် သွေးဘက်ကပဲ အလျော့ပေးကာ ပြောလိုက်လေသည်။

"ကိုခန့်လေး မင်း အခုတလော တစ်ခုခုဖြစ်နေတယ်ထင်တယ် တစ်ခုခုစိတ်ညစ်စရာရှိနေလို့မို့လား အဲ့ကြောင့်ငါ့အပေါ်ကို အဲ့လိုလုပ်နေတာမို့လား အင်ပါ အခုတလောတော့ မင်းစိတ်ပြေတဲ့အထိငါတို့မတွေ့ပဲနေကြတာပေါ့ ငါလည်းဉီးမဟော်ကို ဆေးရုံစောင့်စောင့်ပေးနေရတာဆိုတော့ မင်းကိုအခုတော့ ဂရုမစိုက်ပေးနိုင်သေးဘူး နောက်မှ ငါနဲ့ ကိုခန့်လေးနဲ့သေချာ စကားပြောကြတာပေါ့နော် အဲ့ကျငါ့ကိုမင်းဘာဖြစ်နေတာလဲဆိုတာ အကုန်ပြောပြရမယ်နော် မင်းမှာ သူငယ်ချင်းဆိုလိုငါ့ပဲရှိတဲ့ဟာကို တစ်ယောက်တည်း ကြိတ်ပြီးမခံစားပါနဲ့ကွာ ငါ့ကိုအရာအားလုံးပြောပြလို့ရပါတယ်ကွ မင်းဘေးနားငါရှိပါတယ်ကွာ အဲ့ချိန်ကျရင်တော့ ဒီလိုမနေနဲ့တော့နော်ဟုတ်ပြီလား ကိုခန့်လေးက လိမ္မာပါတယ်နော်"

သွေးစကားကို ခန့်က ကြားသော်လည်း သွေးကို ဘာမြှပန်မပြောသလို လှည့်လည်း လှည့်မကြည့်လာပေ။သွေးက ကိုခန့်လေးရဲ့ နောက်ကျောကို ခနကြာအောင် ကြည့်ပြီးနောက် ကိုခန့်လေးအိမ်ကနေ ထွက်လာခဲ့လေသည်။ကိုခန့်လေး သူ့အပေါ်မှာ အခုလိုဆက်ဆံတော့လည်း သွေးစိတ်ထဲ ဘဝင်မကျပါ။သူ့ရင်ထဲ ဟာတာတာ ဖြစ်နေပြီး တစ်ခုခုလိုနေသလိုခံစားရလေသည်။အင် ကိုခန့်လေးနဲ့ တစ်ခါမှ ဒီလိုစကားမများဘူးလို့ဖြစ်တာ နေမှာပါလေ။နောက်တော့ အဆင်ပြေသွားမှာပါ။

ဖြူလွှနှင်းဆီချစ်၏ သို့သော်.......Där berättelser lever. Upptäck nu