အပိုင်း 1.2

Start from the beginning
                                    

( ငါ့ရင်တွေနာလာပြီ။ ငါက shou teamက ကွ)

ဟန်ကျွမ်းချွမ် က အန်းမူကို မုန်းတဲ့နေရာမှာ အကြောင်းပြချက် မရှိပါဘူး။ စိတ်စွမ်းအား မြင့်တဲ့ စစ်သည်လေး တစ်ယောက် က သူ့ရဲ့ အသက်မွေး ဝမ်းကြောင်း အလုပ်ကို မြင့်တင်ခဲ့ပြီးတော့ သူ့အနာဂတ်လမ်း ဟာလည်း ဖြောင့်တန်း နေခဲ့တာပေါ့။ ဒါပေမယ့် တစ်နေ့ မှာတော့ ဘုရင်က ရုတ်တရက် သူ့ကို ပြောလာခဲ့တယ်။ သူက အမည်မသိ ဂြိုဟ်က မင်းသား တစ်ပါးကို လက်ထပ်ဖို့ လိုအပ်တယ်တဲ့လေ။

ငယ်ငယ်လေး ကတည်းက ဖိအားပေးခံရရင် ပုန်ကန် တက်တဲ့ ဟန်ကျွမ်းချွမ် က အာဏာနဲ့ ထပ်ကာ ထပ်ကာ ဖိအားပေး ခံရတဲ့အခါမှာ​တော့ သူက သိပ်ကိုမြင့်မြတ်လှတဲ့ဂြိုဟ်ကြီး (Holy planet) က မင်းသားငယ်လေး အန်းမူကို ယူလိုက်ရတော့တာ ပေါ့။

ဒါပေမယ့် ဒီလို လုပ်လိုက်ရတာက သူအရှုံးပေးလိုက်ပြီလို့ ပြောတာမဟုတ်ဘူးနော်။ သူက အဲ့ကောင်လေးကို လက်ထပ်တယ်။ လက်ထပ်ပြီးတဲ့နောက် သူ့ကို အိမ်မှာအလှပြတဲ့ ပန်းအိုးအဖြစ်သာ ထားခဲ့တယ်။ သူက ဘုရင်ကို သူ့စိတ်ထဲမှာ အမြဲတမ်း ဒေါသထွက် ခဲ့တယ်။ ထိုအကြောင်း ကို စဥ်းစားမိတိုင်း ပြင်းပြတဲ့သူ့ရဲ့ စိတ်ဆန္ဒတွေကို တောင်မှ ပျက်ဆီးသွားစေ နိုင်တယ်။

အခုသူရောက်နေတဲ့ အချိန်က သူနဲ့ အန်းမူတို့ လက်ထပ်တာ က ၅ နှစ်ပြည့်ကို ရောက်လာခဲ့တာပဲ။

ဟန်ကျွမ်းချွမ် က အိပ်ယာပေါ်ကို လှဲကာ မျက်တောင် ခတ်လိုက်တယ်။ အမျိုးသားရဲ့ မျက်ခုံးတွေ​က ထူထဲနေပြီးတော့ သူ့ရဲ့မက်မွန်ပွင့်ပုံ မျက်ဝန်းတွေကလည်း ကြင်နာမှုတွေ ပြည့်နေခဲ့တယ်။ ထိုကြင်နာမှုတွေကို အရမ်းတောက်ပနေခဲ့ပြီးတော့ တင်းမာခက်ထန်လေးနက်တဲ့ စစ်သားတစ်ယောက် ရဲ့ရုပ်ရည်နဲ့ လုံးဝကို တွဲကြည့်လို့မရနိုင်ပါဘူး။

ဒါပေမယ့်လဲ ထိုလူမှာ အကောင်းဆုံး အမိန့်ပေး ခိုင်းစေနိုင်စွမ်း ရှိလေတယ်။ စစ်တက္ကသိုလ် ကနေ အောင်မြင်ဘွဲ့ရ ပြီးတဲ့နောက်မှာ သူက ဗိုလ်ကလေး အဖြစ်နဲ့ စတင်ဝင်ရောက်လာခဲ့တယ်။ ပြီးတော့ ၁၀နှစ် အတွင်းမှာပဲ သူက ခက်ခဲ့ကြမ်းတမ်းတဲ့  လမ်းတွေကို ဖြတ်ကျော် ခဲ့ရပြီး စစ်ပွဲတွေ တစ်ပွဲပြီး တစ်ပွဲ လှလှပပ လေး အောင်နိုင်ခဲ့လေတယ်။ ပြီးတော့ အင်ပါယာမှ ဂုဏ်အယူရဆုံး ဗိုလ်ချုပ် တစ်ယောက် ဖြစ်လာ ခဲ့တော့တယ်။

[Complete]ပေါင့်ပေါင့်ဝေါသ အိုမီဂါ💟 Where stories live. Discover now