အပိုင်း 1.2

Start from the beginning
                                    

ထိုအချိန်က သူနဲ့ အန်းမူတို့ ပထမဆုံးအကြိမ်အဖြစ် ကာမဆက်ဆံမိတဲ့ အချိန်ပဲ ဖြစ်ရမယ်။ ဆက်ဆံနေတဲ့အတော အတွင်းမှာ နွေးထွေးမှု တွေနဲ့ အချစ်တွေ ပေးရမယ့်အစား သူက အန်းမူကို အဲ့အချိန်မှာ မကြိုက်ခဲ့တဲ့အပြင် မုန်း တောင် မုန်းနေပါသေးတယ်။ အဲ့အချိန်တုံးက သူ့နှလုံးသား ထဲကနေ ကို အန်းမူအား အထင်သေးခဲ့တယ်။

အဲ့အချိန်တုံးက ၂ယောက်လုံး မပျော်ရွှင်ခဲ့ရပါဘူး။ ဟန်ကျွမ်းချွမ်က အရက်သောက်ပြီးတဲ့အခါမှာတော့ သူ့စိတ်ထဲမှာ ဖိနှိပ်ထားရတဲ့ ခံစားချက်တွေ အကုန်ပေါက်ထွက် လာပြီးတော့ အန်းမူကို လက်စားချေဖို့ရာ အင်အားသုံးပြီး အဓမ္မ ပြုကျင့်ခဲ့တာပါ။

အန်းမူဟာ မျက်ရည်တွေ ကျနေပေမယ့် မရပ်ခိုင်းခဲ့ပါဘူး။ သူက သူ့နှုတ်ခမ်းကို ကိုက်ကာ ဟန်ကျွမ်းချွမ် ကို တင်းကြပ်စွာ ဖက်ထားဆဲပါပဲ။ ဒါက ဟန်ကျွမ်းချွမ်ရဲ့ မှုန်ဝါးဝါး ဖြစ်နေတဲ့ မှတ်ဉာဏ်အပိုင်းအစတွေပေါ့။

ထိုကဲ့သို့ ပြန်လည်မွေးဖွားလာတာကြောင့် သူ့ခမျာမနေ့ညက ဖြစ်ပျက်ခဲ့တဲ့ ကိစ္စရပ်ရဲ့ အသေးစိတ်တိုင်းကို သူ မှတ်မိဖို့ကတော့ မလွယ်ကူနေခဲ့ပါပေ။

အန်းမူတစ်ယောက် သားရဲလေးတစ်ကောင် ညီးတွားသလို ဖြစ်နေပြီးတော့ နာကျင်မှုကြောင့် လှပတဲ့ မျက်နှာ လေးရှုံနေမိတယ် ဆိုတာကို တော့ သူမှတ်မိလေတယ်။  အဲ့နောက်ဖြစ်တာတွေကို သူမှတ်မိသေးတယ်။ သူက အထုပ်အပိုးတွေကို ပြင်ပြီးတော့ ထိုနေ့မနက်မှာပဲ ချက်ချင်းစစ်တပ်ထဲကို သွားနေတော့တယ်။ အတွင်းကြေ ဒဏ်ရာတွေနဲ့ အိပ်ယာကြားနှစ်မြုပ်နေတဲ့ အန်းမူကို ပစ်ထားခဲ့ပြီး ထိုသူလေးကို အခန်းလွတ်ကြီး တစ်ခုထဲမှာသာ တစ်ယောက် ထဲ ထားပစ်ခဲ့လေတယ်။

ထိုအချိန်ကနေ စပြီးတော့ အမှတ်အသားပေးခံ လိုက်ရတဲ့ အိုမီဂါခမျာ အယ်ဖာရဲ့ ဟော်မုန်းအာဟာရတွေကို မရတာကြောင့် စတင်ပြီး ပိန်ပိန်သေးသေးလေး ဖြစ်လာကာ မဖွံ့ဖြိုးလာခဲ့တော့ပါဘူး။

နောက်  ၅ နှစ်ကြာတဲ့ အခါ ဟန်ကျွမ်းချွမ် က အိမ်ကို ပြန်လာခဲ့ပါတယ်။ ထိုအချိန်မှာတော့ အန်းမူရဲ့ စိတ်ပိုင်း ဆိုင်ရာ အခြေအနေ က ပုံမှန်မဟုတ်တော့ဘူး ဆိုတာကို သူသိလိုက်ရ တယ်။ သူက အိမ်လာတဲ့အချိန်ဟာ ဧည့်သည် တစ်ယောက် လာတဲ့ အချိန်လောက်တောင် မကြာပေမယ့် သူ့ကို တွေ့တိုင်း အန်းမူက စိတ်မကျန်းမာတော့ပေမယ့် နူးနူးညံ့ညံ့လေး ပြုံးပြလေ့ရှိတယ်။

[Complete]ပေါင့်ပေါင့်ဝေါသ အိုမီဂါ💟 Where stories live. Discover now