Extra (စာရေးသူတစ်ယောက် CTD ၏ သရုပ်ဖော်နေရာသို့ ပို့ဆောင်ခံရခြင်း)

Start from the beginning
                                    

" 08 တဲ့ဟေး! အမှန်ခြစ်သွားပြီ!"

ကျွန်တော့်ဟော့ထိပ်က 8 မို့လို့ ကျွန်တော် တဲ့(ဒဲ့)ထိုးချလိုက်တာ။ အခုတော့ တဲ့(ဒဲ့)အဆော်လွန်ပြီး ခံရပြီ။ အဲ့သည့်စိတ်နဲ့ အာခေါင်ထဲက ဇီးသီးစေ့ဟာ ကျွန်တော့်ကို အသက်ရှူရခက်စေတယ်။

" အွန့် အွန့်"

ရုတ်တရက် လက်ထဲက ဖုန်းလည်း လွတ်ကျသွားပြီး ကျွန်တော့်ကိုယ်ကျွန်တော်လည်း ဘာဖြစ်သွားမှန်းမသိလိုက်။

/~/

" အင့်"

ဖျတ်ခနဲ မျက်လုံးဖွင့်ကြည့်လိုက်ချိန် မြင်နေရတဲ့မျက်နှာကြက်ကြောင့် ကျွန်တော့်အိမ်မဟုတ်မှန်း သိလိုက်တယ်။ မဟုတ်မှ 2D ဒိုင်က သည်အပတ် ငွေမရှင်းနိုင်လို့ သိမ်းလိုက်တာများလား။ မဖြစ်နိုင်။ ခေါင်းတစ်ချက်ခါလိုက်မိပြီး လည်စေ့ကို စမ်းကြည့်လိုက်တော့ ဇီးသီးစေ့တစ်နေတာမျိုး မခံစားရတော့။

" ဟူး..."

အိပ်ရာပေါ်က ထထိုင်လိုက်ပြီး အခန်းပတ်လည်ကို ဝေ့ကြည့်လိုက်တော့ အခန်းထဲကို မိန်းကလေးတစ်ယောက်ထပ်ဝင်လာတာ တွေ့ရတယ်။

ဟ! တယ်လှတယ်ကွ၊ မိဖုရားတွေကိုတောင် မေ့ချင်သွားတယ်။

{ Hello! Cheat The Death ဝတ္ထုတိုကို သရုပ်ဖော်ခြင်း system မှ ကြိုဆိုပါတယ်။}

ငါလခွမ်း! ဘာကြီးတုံး။

နောက်ကျိကျိဖြစ်လာတဲ့စိတ်ကို ခေါက်ထားလိုက်ပြီး အရှေ့က အပြုံးချိုချိုနဲ့ မမကို ပြန်ပြုံးပြလိုက်တယ်။

" မြတ်မွန် ဒီနေ့ ဒေါင်းသက်ညိုကို နင် လက်ဆောင်သွားပေးမလို့ဆို"

" ဟမ်! ဘယ်သူ"

{ လူကြီးမင်း၏ဇာတ်ကောင် - မြမြတ်မွန်၊ တာဝန် - ညီမိုးယံ၏ဒေါသကို ဆွပေးခြင်းနှင့် ဖုံးကွယ်နေသော အဓိကဇာတ်ကောင်၏အမှောင်စိတ်ကို ထုတ်ဖော်ပြသရန်}

အပေါ်မှာ ပေါ်လာတဲ့ စာအကွက်တွေကို လိုက်ဖတ်ပြီးနောက် ကျွန်တော် တစ်ခုခုကို ဖျတ်ခနဲ နားလည်လိုက်ပြီ။ သည်ဇာတ်ကောင်၊ သည်အခန်း!!

အား! ငါလူး! အသတ်ခံရမှာလား! ၂ခန်းတည်းနဲ့ အသတ်ခံရမှာလေ!

အရှေ့က မမကတော့ အရောင်အမျိုးမျိုးပြောင်းနေတဲ့ ကျွန်တော့်မျက်နှာကို အကဲခတ်နေရှာတယ်။ ကျွန်တော်လည်း ဒါကို သတိထားမိတော့မှ

CTD [Completed]Where stories live. Discover now