CTD - 14 (Unicode)

13.9K 1.1K 33
                                    

အပိုင်း (၁၄)

စွမ်းထက်နိုင် သေဆုံးသွားပြီးနောက် တစ်ပတ်အကြာတွင် စွမ်းထက်နိုင်၏မိဘများဟာ ကျောင်းက ဆရာမများဆီ လာရောက်တွေ့ဆုံခဲ့ကြသည်။ ရဲများကလည်း မသင်္ကာဖွယ်ရာ အငွေ့အသက်များ ကျန်ရှိနေသည့်အတွက် စွမ်းထက်နိုင်၏သူငယ်ချင်းများထံ လာရောက်စစ်ဆေးကြသည်။

" ဒါ စာသင်ခန်းထဲက ကျောင်းသားအကုန်လုံးလား"

" ဟုတ်ကဲ့ အစ်ကို၊ ကလေးတွေ အကုန်ပဲ"

" ဟုတ်ကဲ့၊ ကဲ...ညီတို့၊ညီမတို့ မင်းတို့ သူငယ်ချင်းရဲ့သေဆုံးမှုအတွက် ပူပေါင်းပေးကြဖို့ မျှော်လင့်ပါတယ်"

" အခု စွမ်းထက်နိုင် သေတာက သူ့အိမ်မှာလေ၊ ဘာလို့ ကျောင်းသားတွေကို လာစစ်ရတာလဲ၊ ကျွန်တော်တို့ စာသင်ပျက်တယ်"

" အမလေး...ညီမိုးယံရယ်၊ သူများ ကြားရင် နင့်ကို စာဂျပိုးလေးလို့ ထင်ကုန်ဦးမယ်၊ စာမသင်ရလို့ နင်​ ပျော်နေရမှာ မဟုတ်ဘူးလား၊ ပါးစပ်ပိတ်နေစမ်း"

ဆရာမက ဆူလိုက်တော့ ညီမိုးယံလည်း စိတ်တိုသွားပြီး ရဲဝတ်စုံနှင့် ပုဂ္ဂိုလ်ကို မျက်စောင်းလှမ်းထိုးလိုက်သည်။ ရဲပုဂ္ဂိုလ်ကတော့ သူ့ကို တွေ့ပြီး တစ်ခုခုအား သတိထားမိသွားပုံရ၍ မျက်မှောင်ကြုတ်လျက် ကြည့်နေ၏။ ဒေါင်းသက်ညိုကတော့ လက်လေးပိုက်ပြီး ပြုံးလို့ ယူနီဖောင်းအပြည့်နှင့် လူကို စိုက်ကြည့်နေသည်။ တခြားကျောင်းသားများကတော့ ကြောက်၍ ငြိမ်နေကြသည်။

ခဏနေတော့ အခန်းထဲကို ကောင်လေး သုံးယောက် ဝင်လာကြပြီး ရဲပုဂ္ဂိုလ်ဘေး၌ သွားရပ်နေသည်။ ထိုအခါ ညီမိုးယံနှင့် ဒေါင်းသက်ညိုတို့ နှစ်ယောက်လုံး ခုံကို မှီထားရာမှ ဆတ်ခနဲ တောင့်တင်းသွားတော့၏။ ထိုကောင်လေးများက တခြားလူတွေ မဟုတ်ဘဲ သူတို့နှစ်ယောက်ကို ရန်လာစချိန်တုန်းက စွမ်းထွက်နိုင်နှင့်အတူ ပါလာသော ကောင်လေးများ ဖြစ်၏။

ထိုအခါ ဒေါင်းသက်ညိုလည်း ကျစ်ခနဲ စုတ်သပ်လိုက်မိသည်။ သူ သတိတစ်ချက် မေ့သွားခဲ့ပြန်ပြီ။ ဒီအမှိုက်တွေပါ အကုန် ရှင်းလိုက်ရမှာ။

CTD [Completed]Dove le storie prendono vita. Scoprilo ora