ဇာတ်လိုက်မရှို့ရဲ့အမေက ခပ်ရွှင်ရွှင်အပြောကလေးနှင့် သူ့အားလှမ်းစသည်။ အမေကနှုတ်ခမ်းကို လက်နဲ့ကွယ်ရင်းရယ်သည်။ Systemနဲ့စကားပြောနေတာကြောင့် အဲဒီနေရာကိုသာ စိုက်ကြည့်နေသလိုမျိုးဖြစ်သွားခဲ့တာပဲ။ သူ့မယ် အန်တီ့သားကို ကျွန်တော်မျှော်ရတာမဟုတ်ပါဘူးဗျာ လို့သာထပြောလိုက်ချင်သည်။

- In this moment
I see you
It always comes around as I believed

When the rain stops
You shine on me
Your light's the only thing that keeps the cold out

Moon in the summer night
Whispering of the stars
They're singing like Christmas trees for us -

“အဲဒီလိုမဟုတ်ရပါဘူးဗျာ။ ကျွန်တော်စဥ်းစားရင်း အဲဒီနေရာကိုတစ်ချက် စိုက်ကြည့်မိသွားရုံပါ”

“အမယ် သားဇံကလက်ခံပါမယ်ဆိုမှ ဘာများစိုးရိမ်းနေတာလဲကွဲ့  လူလေးရဲ့”

အမလေး! လက်ခံလို့သာပဲ! လက်သာမခံလို့ကတော့ ကြိုးတုပ်၊ မုဒိမ်းကျင့်ပြီးခေါ်ရမဲ့ပုံ။ ပြီးတော့အန်တီ့သား ငြင်းမှာကိုစိုးလည်းရိမ်မနေပါဘူးနော်!

- 혹시 아니?
너에겐 나만 아는 모습이 있어
한여름 밤 오는 첫눈같이
믿기지 않는 기적 같은 놀라운 순간, .. -

ညင်သာလှတဲ့ ခွန်းယံရဲ့အတွေးကြောင့် System Restart လုပ်မဲ့စနစ်က ရပ်တန့်သွားသည်။  သူပရိုဂရမ် Error တက်သွားသည့်အကြောင်းအရင်း အစအနအားရှာတွေ့သွားပုံဖြစ်မည်။ လက်စသတ်တော့ သူ၏ချစ်လှစွာသော host ၏ ယဉ်ကျေးလှသည့်အတွေးများကြောင့်ကိုး။

- So I'll tell you
A million tiny things that
You have never known
It all gets tangled up inside

And I'll tell you
A million little reasons
I'm falling for your eyes
I just want to be where you are -

“ဟယ် သားဇံ ထွက်လာပြီပဲ၊ လာထိုင် လာ”

အိမ်လည်ပေါက်မှ လိုက်ကာစအား မပြီးထွက်လာသည့် တိုက်ပုံနှင့် ကောင်လေးတစ်ယောက်။ ထွားကြိုင်လှသည့်ခန္ဓာကိုယ်ရယ် မြင့်မားလှည့်အရပ်ရယ်ကြောင့် သျှင်ဦးယာကဓါးပြဗိုလ်ဟုထင်ကာ ထိုင်ခုံလက်ရန်းကို ကြောက်လန့်တကြီးဆုပ်ကိုင်မိသွားသည်။ ဖြောင့်တန်းနေသောနှုတ်ခမ်းပါးတစ်စုံ နှင့် တည်တင်းနေသော အချိုးကျကျမျက်နှာ၊ ကျားတစ်ကောင်လိုမျက်စံဖြင့် အေးစက်စက်စိုက်ကြည့်လာသောကြောင့် သျှင်ဦးယာ ခန္ဓာကိုယ်မှာ တွန့်ခနဲနဲ့။

What The Fucking Hell?!Where stories live. Discover now