Chapter-5

205 48 2
                                    

Unicode

ရွှေချိန်းကြိုးကြီးက ပြတ်သားစွာ အော်ပြောလိုက်
သည်။

"လှေပေါ်ကိုမြန်မြန်တက်ကြ!"

လက်ရှိမှာ ဘယ်သူမှ မတူညီသောအမြင်များ
မပေးရဲကြပေ။ အကယ်၍ သူတို့ အဲ့မှာပဲ
ဆက်နေနေမယ်ဆိုရင် နောက်ခဏဆို သူတို့ကို
ချောက်နက်ကြီးက ဝါးမြိုသွားမယ်ဆိုတာ
ပြောနိုင်နေသည်မဟုတ်လား။

လူတိုင်းက လှေပေါ်အမြန်တက်ရန် ပြန်လှည့်ကြ
သည်။ သို့ပေမဲ့ များမကြာမီမှာပဲ ထင်းနေသော
ပြဿနာတစ်ခုထွက်ပေါ်လာသည်- ဤငါးဖမ်းလှေက
အိုဟောင်းပြီး ခနော်ခနဲ့နိုင်လှသည်။ သူ့ပုံစံကို
ကြည့်ရုံနှင့်တင် အများဆုံးမှ လူနှစ်ဦး၊ သုံးဦးသာ
ဆံ့နိုင်သည်။ သို့ပေမဲ့ သူတို့မှာက လူက ၁၃ယောက်
တောင်မှရှိသည်။ သူတို့အကုန်လုံး တက်လိုက်ရင်
လှေမြုပ်သွားမှာမဟုတ်ဘူးလား။

ဤအခိုက်အတံ့မှာပဲ လူ ၃ဦးအတွဲထဲမှ
အမျိုးသမီးက ပါးစပ်ဟလာသည်။

"ဂိမ်းက ဖြေရှင်းလို့မရနိုင်တဲ့အခြေအနေမျိုး
ပေးမှာမဟုတ်ဘူး၊ အထူးသဖြင့် စစချင်းအချိန်မှာပဲ။
လှေပေါ်တက်ကြ!"

ပြောရင်းဆိုရင်း သူမက ဦးဆောင်ပြီး လှေပေါ်သို့
တက်လိုက်သည်။ သူမ၏အဖော်နှစ်ဦးသည်
သူမနောက်လိုက်ရန် တွေဝေမနေပေ။

လူတိုင်းလည်း အမြန်လိုက်တက်လိုက်ကြသည်။
နောက်ဆုံးမှာ ရှောင်ထန်ချိုးလည်း စတားပေါက်စကို
လှေပေါ် ဆွဲခေါ်သွားလိုက်သည်။

လေးလံလှသော အလေးချိန်အောက်၌ လူတိုင်း၏
မျက်နှာများကို ဖြူဖျော့သွားစေလောက်အောင်
လှေငယ်လေးက ကြမ်းတမ်းစွာလှုပ်ခါနေသည်။
နောက်တစ်စက္ကန့်မှာပဲ လှေမြုပ်သွားမည်ကို သူတို့
အားလုံး ကြောက်လန့်နေကြသည်။ သို့ပေမဲ့
ဘုရားသခင်ကိုကျေးဇူးတင်ပါသည်၊ ငါးဖမ်း
လှေကလေးက အကြိမ်အနည်းငယ်မျှ ထပ်မံ
ယိမ်းထိုးနေပြီးနောက် တည်ငြိမ်မှုကိုပြန်လည်
ရရှိသွားသည်။ မနည်းထိန်းထားရပုံပေါ်နေသော်ငြား
တည်ငြိမ်လို့နေပြီး မမြုပ်သွားချေ။

ရှောင်ထန်ချိုး သက်ပြင်းမောလေးချနိုင်စဉ်မှာပဲ
ချောက်နက်ကြီးက မြစ်ကမ်းနံပါးကိုလွှမ်းခြုံရန်
ပျံ့နှံ့လာနေပြီဖြစ်တာကို မြင်လိုက်ရလေသည်။
သူချက်ချင်း လောဆော်လိုက်သည်။

G,LS (Game, Live Stream) (MM translation) Where stories live. Discover now