စောင့်နေပေးနိုင်မလားဆိုတဲ့ တောင်းဆိုချက်မဟုတ်ခဲ့။
စောင့်နေပေးပါတဲ့။
မဖြစ်မနေ သူ့ကိုစောင့်နေရမယ်ဆိုတဲ့သဘော။

၁လလောက်ကြာရင်ပြန်လာမယ်ဆိုပြီး
ပြောသွားသူက ပြန်မလာခဲ့သည်မှာ
၄လနီးပါးရှိနေခဲ့ပြီး
စာလည်းမလာ။သတင်းလည်းမကြား။
ကာစီနိုမှာလည်းမတွေ့ရတော့....
ဘာတွေလုပ်နေ၍ဘယ်တွေဆီသွားနေမှန်းလည်းသူမသိရ။

နမ့်ဆန်မှပြန်လာပြီးနောက်ပိုင်း အရာရာကသူတို့နှစ်ယောက်ကြားထဲမှာပုံမှန်အခြေအနေအတိုင်းသာရှိခဲ့သည်။
ပုံမှန်အတိုင်း မေးထူးခေါ်ပြောကြဆဲ။

ရှင်းကဖွင့်ပြောခဲ့သည့်တိုင်
သူ့ဆီကသဘောထားကိုပြန်မမေးခဲ့။
ပြီးတော့ အရင်လိုသူ့ကိုဂရုစိုက်ဆဲ၊
ကြင်နာဆဲ၊နွေးထွေးဆဲ...
ဒါဆိုသူကရော

သူကတော့ အရင်အတိုင်းစကားတွေပြောဖြစ်ပေမယ့် ရှင်းကိုမသိမသာရှောင်လာခဲ့သည်။အရင်ကထက်စာရင်တော့  ဒီအခြေအနေကသူ့အတွက်အနည်းငယ်နေရခက်စေခဲ့သည်။
ဒါကိုရှင်းကလည်း ရိပ်မိခဲ့ပါသည်။

ထိုနေ့က သူတို့နမ့်ဆန်မှာရှိခဲ့ကြတဲ့နောက်ဆုံးည။

အဲ့နေ့ညက ရှင်းအလုပ်တွေရှုပ်နေခဲ့သည်။
တတောက်တောက်ရိုက်နေသည့် ကွန်ပျူတာစာရိုက်သံတွေက ကုတင်မှာလှဲနေသည့်
သူတောင်ကြားနိုင်ရသည့်အခြေအနေအထိ။

ဒါပေမယ့်သူမကြည့်မိ။‌
သေချာစဉ်းစားကြည့်ရင် ရှင်းကလည်း
အမြဲကာစီနိုကမေးလ်ဆိုတာကလွဲ၍
မပြောပြခဲ့ဖူးဘဲလေ။

ရှင်းကသူ့ကိုချစ်သာချစ်တာ။
သူ့အပေါ်ယုံကြည်မှုမှမရှိခဲ့ဘဲ။
သူမှမဟုတ်ဘူး။ရှင်းကဘယ်သူ့ကိုမှအလွယ်တကူယုံကြည်သည့်လူစားမျိုးမဟုတ်။ကံကောင်းတာက အဲ့လူတွေထဲမှာသူလည်းပါတာပါပဲလေ။

"နိုင်း"

"အင်း"

စားပွဲပေါ်မှာထိုင်ကာအလုပ်လုပ်နေသည့်ရှင်းက သူ မအိပ်သေးမှန်းသိတာကြောင့်လား
မသိ။
အနောက်လှည့်ကြည့်ကာသူ့ကိုခေါ်လာသည်။

"ကော်ဖီသောက်မလား။ကိုယ်ဖျော်လာပေးမယ်"

မထူးတော့။အိပ်မပျော်မယ့်အတူတူတော့
ကော်ဖီသောက်ဖို့သာခေါင်းညိတ်ပြလိုက်သည်။
အလုပ်လုပ်နေသူကcomputer ကိုပိတ်ချသွားပြီး မီးဖိုခန်းထဲဝင်သွား၏။
သူကိုယ်တိုင်လည်းကုတင်မှထလာကာ
စားပွဲပေါ်မှာသွားထိုင်လိုက်သည်။
သိပ်မကြာလိုက်။ရှင်းက ကော်ဖီခွက်နှစ်ခွက်ကိုင်ကာပြန်ထွက်လာသည်။

သို့....မာလီပါး  [Complete]Where stories live. Discover now