အခန်း (၅)

Start from the beginning
                                    

ကျန်းရိဝေက လမ်းပေါ်တွင် ရေခဲလွှာများ အမှိုက်များရှိအပြင် ရွံ့နွံများကလည်း ရှိတာကြောင့် အလွန်ဂရုတစိုက်စီးလာခဲ့ပြီး စွန်းဝေက ဂေါ်လီများကို မြေကြီးပေါ် ပစ်ချလာသောအခါ ရှောင်တိမ်းရင် နေရာက မရှိတော့ပေ။ အခုစီးလာသော အရှိန်နဲ့ဆိုရင် တစ်ချက်ထိလိုက်ရင်တောင် လှဲသွားမှာ အသေအချာပင်။

"ငါ-" ကျန်းရိဝေက ကြိမ်းမောင်းရန် အသံထွက်လာသော်လည်း စကားမဆုံးခင်ပင် စက်ဘီးက အနည်းငယ်ချော်သွားပြီး နှစ်ကြိမ်ခန့် လည်သွားပြီး စက်ဘီးက ပစ်လှဲသွားသည်။ မြေပြင်ပေါ်တွင် အကြိမ်ကြိမ်လှိမ့်သွားပြီး သူ့နောက်မှ လူနှစ်ယောက်ကိုပါ လှဲချလိုက်သလိုဖြစ်ကာ လူတော်တော်များများ ဘောလုံးလိမ့်လိုက်သလို တစ်လုံးတည်း လိမ့်ကျကုန်သည်။

စွန်းဝေက အချိန်အတန်ကြာ ရယ်နေပြီး "ခွင်းလေး၊ ကြည့်လိုက်"

ဖုခွင်းက ခေါင်းလှည့်ကာ တစ်ချက်ကြည့်လိုက်ပြီး "အားရိုး! တင်ပါးနဲ့ပြုတ်ကျပြီး သုံးပိုင်းကွဲသွားအုန်းမယ်နော်"

"မင်းထပ်ပြီး မဆွနဲ့တော့"စွန်းဝေက ဖုခွင်းကို ပုတ်လိုက်ပြီး ဒီလူတွေက အစောကတည်းက ပြုတ်ကျထားတာကြောင့် အရှက်ရနေတာကို ဖုခွင်းက ထပ်ပြီး ဒီလိုအော်နေအုန်းမှာဆိုရင် မနက်ဖြန်ကျရင် သူတို့နှစ်ယောက်စလုံး တစစီ ဖြစ်သွားလိမ့်မည် "မြန်မြန်နင်း" ဟုဆော်ဩလိုက်သည်။

ဝမ်ကျစ်ချန်ရဲ့ စက်ဘီးစီးစွမ်းရည်က ကောင်းမွန်တယ်လို့ပြောရမယ်။ ဒီပရမ်းပတာ အခြေအနေမှာ တောင် လဲကျသွားခြင်းမရှိချေ။ မြေပြင်ပေါ်ရှိ လူအနည်းငယ်ကို ကျော်ဖြတ်လာပြီး ဆက်လက်၍ အမှီလိုက်နိုင် လာသည်။ ထို့အပြင် ပထမတိုက်ပွဲတုန်းက ရှုံးထားတာကြောင့် ဒေါသထွက်နေ၍လားမသိ သူသည် စက်ဘီးကပ် ရပ်ကနေ တဖြည်းဖြည်းချင်းစီးလာပြီး သူတို့ကို ဖမ်းမိဖို့ရာ လုပ်နေသည်။

ဖုခွင်းက စကားမပြောတော့ဘဲ ကိုယ်အောက်ပိုင်းကို အားစိုက်၍ ကြိုးစားပမ်းစား နင်းနေသည်။

လောင်မား ဖုခွင်းကို ပေးထားတဲ့ ဒီ Phoenix စက်ဘီးဟောင်းတကယ်မဆိုးဘူး။ များများဖိနင်းလိုက် တာနဲ့ မြန်မြန်ဆန်ဆန် မောင်းထွက်သွားနိုင်သည်။

ငယ်ချစ်ပုံ​ပြင် - 竹木狼马 [Myanmar Translation ]Where stories live. Discover now