Ch-20(Uni/Zg)

Mulai dari awal
                                    

" မင်းရဲ့သူရဲကောင်းဟီရိုကြီးကကောဘယ်ရောက်နေပီလဲ သူ့မြေးရဲ့သေခါနီးမျက်နှာလေးကိုပြချင်လိုက်တာကွာ အဟား "

ဟန်နရီက ရှိန်းရဲ့အနောက်မှာရပ်နေတဲ့ Samရဲ့မျက်နှာလေးကိုလှမ်းကြည့်လိုက်သည် Samကတော့သူ့ကိုအကြည့်လွှဲကာ အရှေ့တည့်တည့်ကိုပဲကြည့်နေလိုက်သည်

" ဘာလဲ မင်းတပည့်ကိုအကူအညီတောင်းသလိုမျက်နှာလေးနဲ့ကြည့်နေတာလား မင်းတပည့်က အစထဲက မင်းအနားမှာရည်ရွယ်ချက်ရှိရှိနဲ့ချဥ်းကပ်ခဲ့တာကွ နောက်ဆုံးတော့သနားစရာကောင်က ဟောဒီက ဟန်နရီဗစ်တာဖြစ်နေတာပါပဲ လာစမ်းပါအုံးကွ ငါ့ကိုလာသတ်လေ မင်းပြောတော့ငါ့ကိုအသေသတ်မှာဆို? "

ဟန်နရီကတော့ အကုန်လုံးကိုစိတ်ကုန်သွားတဲ့ပုံနဲ့ ခေါင်းပဲငုံ့ထားလိုက်သည်

" ငါကတော့ မင်းနဲ့ပျော်စရာ Gameလေးတွေဆော့မယ်ဆိုပီးလုပ်ထားတာ အခုတော့ ဘာမှပြန်မလုပ်နိုင်တဲ့မင်းကြောင့် ကစားရတာပျင်းလာပီ "

" ........ "

" ဒီကစားပွဲမှာ အနိုင်ရခဲ့တဲ့သူက ငါဖြစ်ပီးတော့ အရူးလုပ်ခံလိုက်ရတဲ့သူက ဟန်နရီဗစ်တာဆိုတဲ့မင်းပေါ့ "

ခေါင်းငုံ့ထားတဲ့ဟန်နရီက ရုတ်တရက်ဆိုသလို အသံကျယ်ကြီးနဲ့ထရယ်လိုက်တာကြောင့် ရှိန်းရဲ့မျက်ခုံးတွေကတွန့်ကွေးလာသည်

" သေခါနီးတောင် ရယ်နိုင်သေးတယ်ပေါ့ "

ဟန်နရီကချက်ချင်းပဲခေါင်းပြန်ထောင်လာကာ သူ့ပါးစောင်ကိုလျှာနဲ့ထိုးလိုက်ပီး ရှိန်းကိုမဲ့ပြုံးပြုံးပြလိုက်သည်

" အရူးလုပ်ခံလိုက်ရတာ ကျုပ်လား ခင်ဗျားလား အဟက် "

ဒူးထောက်ပီးနောက်ပြန်ကြိုးတုပ်ခံထားရသူက ချက်ချင်းပဲထလာကာ ဟက်ဟက်ပက်ပက်ရယ်လိုက်သည်
ဟန်နရီရဲ့ထူးဆန်းတဲ့အပြုအမူတွေကြောင့် ရှိန်းချက်ချင်းပဲ Samကိုလှမ်းကြည့်လိုက်သည်

" အဲ့လောက်တောင်ဂြိုလ်ကြွနေတဲ့ဗစ်တာကို သွားဆုံးမလိုက်စမ်း Sam "

" ဟုတ်ကဲ့ "

Samချက်ချင်းဟန်နရီအနားကိုကပ်သွားကာ သူ့သေနတ်ကိုဆွဲထုတ်လိုက်သည်

HANARY(S1+S2) Tempat cerita menjadi hidup. Temukan sekarang