ဟန်နရီရဲ့အမေးကိုပြန်မဖြေပဲ Samကသူ့အင်္ကျီအိတ်ကပ်ထဲမှ ဆေးဘူးလေးကိုဟန်နရီကိုလှမ်းပေးလိုက်သည်

" ခင်ဗျားမျက်နှာပေါ်က ဒဏ်ရာတွေကိုဆေးလိမ်းထားလိုက် "

ဟန်နရီလက်ထဲဆေးဘူးရောက်သွားတာနဲ့ Samမတ်တပ်ရပ်ကာ အပြင်ကိုပြန်ထွက်လာလိုက်သည် အပြင်ရောက်တာနဲ့ ရှိန်းကလက်ပိုက်ကာ Samကိုကြည့်နေလိုက်သည်

" ခင်ဗျားပေးခိုင်းလိုက်တဲ့ထမင်းကို မစားနိုင်ဘူးလို့ပြောတယ် "

" ထားလိုက်စမ်းပါ ငတ်လာတဲ့အချိန်ကျ အဲ့ထမင်းကိုအသည်းအသန်စားလိမ့်မယ် ဒါနဲ့မင်းကဘာလို့ သူ့ကိုဆေးသွားပေးရတာလဲ "

" သူ့တကိုယ်လုံးဒဏ်ရာတွေနဲ့လေ တော်ကြာခင်ဗျားမသတ်ရသေးခင် သေသွားရင်ဘယ်လိုလုပ်မလဲ "

ရှိန်းတယောက်ဟက်ဟက်ပက်ပက်ရယ်လိုက်ပီး Samရဲ့ပခုံးကို လှမ်းပုတ်လိုက်သည်

" မင်းရဲ့စိတ်ဓာတ်ကိုတော့ တော်တော်သဘောကျနေပီ Sam "

Samကခေါင်းငုံ့ကာပြုံးလိုက်ပီး လက်ထဲမှcigaretteကိုမီးညှိလိုက်သည်

" ကျုပ်တို့နှယောက်ရဲ့ရည်ရွယ်ချက်က အတူတူပဲလေ ခင်ဗျားကိုဒီထက်ပိုအံ့အောစရာကောင်းတာလေးတွေ လုပ်ပြအုံးမှာ "

" ဗစ်တာကို သွားခေါ်ခဲ့လိုက် Sam "

ရှိန်းရဲ့အမိန့်အတိုင်း Samချက်ချင်းပဲ ဟန်နရီကိုခေါ်ထုတ်လာလိုက်သည်

" အဲ့ကောင်ကို ငါ့ရှေ့မှာဒူးထောက်ခိုင်းလိုက် Sam "

Samကအနောက်ကနေ ဟန်နရီခြေထောက်ကိုလှမ်းကန်လိုက်တာကြောင့် ဒူးထောက်ပီးသားဖြစ်သွားသည်

" ဘယ်လိုလဲဗစ်တာ အဆင်မှပြေရဲ့လား "

သူ့ကိုလက်ပိုက်ပီးကြည့်နေတဲ့ ရှိန်းကို ဟန်နရီဘာမှပြန်မပြောတော့ပဲ ငေးကြည့်နေလိုက်သည် ဟန်နရီမျက်နှာလေးကဖြူဖျော့ကာ အတော်အားနည်းနေတဲ့ပုံပင်

" တခုခုလေးပြန်လုပ်စမ်းပါအုံးဗစ်တာရဲ့ အရင်က အမောက်ထောင်နေတဲ့ ဟန်နရီဗစ်တာဘယ်ရောက်သွားပီလဲ "

သူ့ကိုပြက်ရယ်ပြုနေတဲ့ရှိန်းကို ဟန်နရီလျစ်လျူရှုလိုက်ပီး ခေါင်းပဲငုံ့ထားလိုက်သည်

HANARY(S1+S2) Where stories live. Discover now