" မင်းကယုံကြည်ရသားပဲ Sam "

Samကရှိန်းအရှေ့တင်ပဲ သူ့ကိုယ်သူဓားနဲ့ရှပ်ထိသွားသလို ဗိုက်ကိုအပေါ်ယံလှီးလိုက်သည် Samရဲ့အပြုအမူကြောင့် ရှိန်းခန့်ပိုင်အတော်လေးအံ့အောသွားသည်

" ကျုပ်ဒီလိုလုပ်မှလဲ ဗစ်တာအရှေ့မှာယုတ္တိရှိမှာမှတ်လား "

ရှိန်းခေါင်းကိုအဆက်မပြတ်ငြိမ့်ပီး သဘောကျစွာရယ်လိုက်သည်

" မင်းကိုတော့ သဘောကျသွားပီ Sam.... ဗစ်တာတို့မြေးအဖိုးကျရှုံးသွားတာနဲ့ မင်းကိုကောင်းကောင်းမြှောက်စားမှာပါ "

****************************

အလင်းရောင်အနည်းငယ်သာရှိတဲ့ အခန်းငယ်လေးထဲ ပိတ်လှောင်ခံထားရသူက သက်ပြင်းအကြိမ်ကြိမ်ချလျှက်ပင်....ဒီအချိန်ဆို သူချစ်ရတဲ့ကလေးငယ်ဘာတွေများလုပ်နေမလဲဆိုတဲ့အတွေးလေးနဲ့တင် ခပ်ရေးရေးလေးပြုံးလိုက်သည်

" ခင်ဗျားဗိုက်ဆာနေပီလား "

အခန်းတွင်း ထမင်းပန်းကန်ကိုင်ကာ ၀င်ရောက်လာတဲ့ Samကိုဟန်နရီမျက်နှာလွှဲကာ တဖက်လှည့်ထားလိုက်သည်
ထမင်းစားဖို့အတွက် တင်းကျပ်စွာချည်နှောင်ထားတဲ့ဟန်နရီရဲ့လက်တွေကိုဖြည်ပေးလိုက်သည်

" ဒါစားလိုက် "

စတီးပန်းကန်တခုထဲ ထမင်းကြမ်းကိုကန်းစွန်းရွက်ကြော်နဲ့ ကြက်ဥကြော်ထည့်ပေးထားတာကြောင့် ဟန်နရီမဲ့ပြုံးပြုံးလိုက်သည်

" ဒီထမင်းပန်းကန်ကို ရှိန်းခန့်ပိုင်ပေးလိုက်တာမှတ်လား "

" ဟုတ်တယ် "

" ငါဒီလိုစုတ်ပြတ်သတ်နေတဲ့ထမင်းကိုမစားနိုင်ဘူးလို့ပြန်ပြောလိုက် "

" ခင်ဗျားမစားရင် ခင်ဗျားပဲခံရမှာနော် ခင်ဗျားတကိုယ်လုံးဒဏ်ရာတွေချည်းပဲ "

" Sam "

သူ့မျက်နှာကိုသေချာကြည့်နေတဲ့ ဟန်နရီကြောင့် Samမ၀ံ့မရဲလေး ဟန်နရီကိုပြန်ကြည့်လိုက်သည်

" ငါ့အပေါ်မုန်းတီးနေတာသိပါတယ် ဒါပေမဲ့အရင်တုန်းက ငါ့အပေါ်ကောင်းခဲ့တာတွေအကုန်လုံးက ဟန်ဆောင်ခဲ့တာလား စိတ်ရင်းအမှန်လားဆိုတာပြောပြပေးနိုင်မလား "

HANARY(S1+S2) Where stories live. Discover now