တွေဝေနေတဲ့ကျွန်တော့်ကိုအန်တီကစိတ်မရှည်စွာအပြတ်ပြောလာသည်။ကျွန်တော်ဘာမှမတတ်နိုင်ခဲ့။ဆောနူကိုလမ်းခွဲပေးပါ့မယ်လို့လည်းကတိမပေးနိုင်။သားတစ်ယောက်အပေါ်ထားတဲ့မိခင်တစ်ယောက်ရဲ့အတ္တကိုနားလည်ပေမဲ့ကျွန်တော်ဆောနူကိုလက်လွှတ်ပေးပါ့မယ်လို့ကတိမပေးနိုင်တာခွင့်လွှတ်ပါ
အန်တီ။

*****

နွံမှာ ကျွံတဲ့အသည်း
ပြန်ရုန်းဖို့ခက်မယ်

အိုင်ငယ်ငယ်တစ်ခုထဲ
သကာပျားရည်အပြည့်နဲ့

လူသားအဓိပ္ပာယ်လည်း
ပျော်ပွဲ ငိုပွဲ ဒွန်တွဲ
အရိပ်နဲ့ လွန်ဆွဲ

လိုအင်ဟူသမျှရယ်
ပူပင်ရ အမြဲ

အလိုဆန္ဒများအနောက်ဘက်
မမြင်နိုင်တဲ့အမှားစောင့်လျက်

သာယာမှုလေးလမ်းလွဲ
ဝင်္ကပါတွေထဲ အမြဲ တဝဲလည်လည်

ဒေါက်ကနဲကတ်စက်ပိတ်သံနှင့်အတူကျွန်တော့်ကိုစိတ်ပျက်စွာကြည့်နေသည့်မေမေ့ကိုတွေ့ရသည်။မေမေ့မျက်လုံးထဲမှာလည်းမျက်ရည်တွေကအပြည့်ဝဲလျက်။ဒီရက်အတောအတွင်းမေမေငိုနေတာကိုပဲဆောနူမြင်နေရသည်။ဒီကိစ္စတွေကို အလုပ်ကိစ္စနဲ့နိုင်ငံခြားသွားနေသည့်ဖေဖေကမသိသေး။ဒီတစ်ခါဖေဖေနိုင်ငံခြားသွားတာ2လလောက်ကြာနိုင်သည်။
ကျွန်တော့်ကြောင့်မေမေစိတ်ညစ်ကာငိုနေရပေမဲ့ မေမေ့ကိုကျွန်တော်လည်းနှစ်သိမ့်ပေးနိုင်ခြင်းမရှိသလို ‌မေမေ့ကိုနှစ်သိမ့်ပေးမည့်ဖေဖေလည်းမရှိ။မေမေ့မျက်နှာလေးဒီအတောအတွင်းအတော်လေးချောင်ကျသွားသည်။

" သားသီချင်းနားထောင်နေတယ်လေ မေမေ "

နားထောင်နေတဲ့သီချင်းအဓိပ္ပာယ်ကိုဒီကောင်လေးမသိတာလား။သိသိရက်နဲ့နားထောင်နေတာလား။အရင်ကသူမသား ဒီသီချင်းကိုသိပ်ကြိုက်ခဲ့ဖူးတာမှန်သလိုသူမလည်းဒီသီချင်းနဲ့ပတ်သက်ပြီးဘာစိတ်ခံစားချက်မှမဖြစ်ပေါ်ဖူးခဲ့။အခုတော့ကိုယ့်သားအဖြစ်နဲ့တိုက်ဆိုင်နေတဲ့ဒီသီချင်းသံကိုသူမကြားချင်စိတ်မရှိတော့။သူမနာကျင်မှုကိုသီချင်းတစ်ပုဒ်ကဝောာင်
တမြေ့မြေ့နာကျင်အောင်ပြုလုပ်နိုင်လေသည်။

နွံမှာ.... ကျွံတဲ့အသည်း ( Completed )Where stories live. Discover now