Ep 4

521 81 3
                                    

ကျောင်းဖွင့်ရက်တွေမကြာခင်ရောက်လာတော့မှာမို့ ဆောနူတက်ကြွနေသည်။သူငယ်ချင်းတွေနဲ့လည်းပြန်ဆုံရတော့မှာဖြစ်တဲ့အတွက် လူငယ်ပီပီတက်ကြွစိတ်ကလေးတို့ပြည့်လျှံကာစိတ်လှုပ်ရှားမိတာတော့အမှန်။

ကျွန်တော်နဲ့အကို့ရဲ့ဆက်ဆံရေးဟာလည်းတစ်စထက်တစ်စတိုးတက်လာနေပြီဖြစ်ရာတခါခါ အကို့ကိုအနိုင်ယူတတ်သည့်အကျင့်ကလေးပါစွဲကပ်နေသည်။အကိုကကျွန်တော့်ကိုစိတ်ရှည်လွန်းကာငြူစူခြင်းအလျဉ်းမရှိအလိုလိုက်ပေးတတ်သည်။အကို့အပေါ်ဖြစ်တည်လာတဲ့ကျွန်တော့်ခံစားချက်တွေဟာလည်းအလွှာပါးပါးလေးကနေတဖြည်းဖြည်းနက်ရှိုင်းလာသည်အထိအကိုက ကျွန်တော့်ကိုပျော်ရွှင်စေခဲ့သူ။စာသင်လာသည့်အချိန်ကာလတစ်ခုလုံး ကျွန်တော့်အပေါ်တာဝန်ကျေတာထက်ပိုသာလွန်အောင်စိတ်ချမ်းမြေ့စေခဲ့သူ။

အေးချမ်းတဲ့အကို့အပြုံးတွေကကျွန်တော့်အတွက်စိတ်ကြည်ဆေးဖြစ်သလို၊နွေးထွေးစွာဆက်ဆံပြုမူပေးခဲ့တာတွေကလည်းကျွန်တော့်နှလုံးသားထဲထိရေနွေးစီးချောင်းလေးတစ်ခုလိုခပ်နွေးနွေးစီးဆင်းပျော်ဝင်စေခဲ့သည်။အကို့အပေါ်ကျွန်တော့်ရဲ့သက်ဝင်ပျော်ဝင်မှုက အကိုနဲ့ကျွန်တော့်ကြားကာရံထားတဲ့နံရံပါးပါးလေးတစ်ခုကိုဖြိုဖျက်ချင်လုနီးပါးပြင်းထန်နေခဲ့ပြီ။

သက်ဆိုသူရှိနေတဲ့ အကိုကလည်းထူးဆန်းစွာကျွန်တော့်အပေါ်လိုတာထက်ပိုနွေးထွေးပေးခဲ့သည်။အမကိုတောင်မပြုံးပြဖြစ်တဲ့ကြည်လင်တဲ့အပြုံးနုနုတွေ၊အမကိုတောင်ကြင်နာယုယခြင်းမပြုခဲ့တဲ့အကိုက ကျွန်တော်နဲ့ဆိုအပြုံးတွေဂရုစိုက်မှုတွေကနွေးထွေးနေလိုက်ပုံများ၊ကျွန်တော်အများကြီးသဘောကျလာအောင် အကိုကတစ်နေ့ထက်တစ်နေ့ပြုစားနေခဲ့ပြီ။မရစ်တွယ်သင့်မှန်းသိပေမဲ့ ဆယ်ကျော်သက်အရွယ်မှာဖြစ်တည်လာတဲ့အချစ်စိတ်ကလေးက အကိုနဲ့မှတိုးထွက်ရုန်းကြွလာခဲ့ခြင်းဖြစ်သည်။အကို့ရဲ့ ကြည်လင်နွေးထွေးမှုတွေကြားကျွန်တော်ကျရှုံးရသည်မှာ အလဲလဲအပြိုပြိုပါပဲ။

ရင်ခုန်တတ်စအရွယ်မှာ ကျွန်တော့်ရင်ထဲအချစ်ပန်းလေးဖူးပွင့်စေခဲ့သူက ပတ်ဆောင်းဟွန်းဆိုတဲ့ အကိုဖြစ်နေခဲ့သည်။
အခါအခွင့်များးသင့်ရင် ကိုကြီးလို့ ကျွန်တော်အကို့ကိုခေါ်ချင်ပါသည်။

နွံမှာ.... ကျွံတဲ့အသည်း ( Completed )Where stories live. Discover now