" ...... "

" ဟီရိုကြောင့် ငါ့ကိုလက်စားချေလိုက်တာမှတ်လား Sam
မင်းဟီရိုကိုမုန်းနေခဲ့တယ်မှတ်လား မင်းရဲ့အဖေကိုဟီရိုသတ်ပစ်လိုက်တာမို့လို့လေ "

" ခင်ဗျားကျရှုံးသွားတဲ့ပုံကို ခင်ဗျားအဖိုးကိုမြင်စေချင်သေးတာ "

" ငါကမင်းကိုလဲစိတ်ဒုက္ခပေးမိပြန်ပီထင်တယ် မင်းကိုလဲဟီရိုအစားတောင်းပန်ပါတယ် ဒါပေမဲ့ငါမင်းကိုကယ်ခဲ့တဲ့အချိန်တုန်းက စိတ်ရင်းအမှန်နဲ့ကယ်ခဲ့တာပါ "

" အပိုစကားတွေနားမထောင်ချင်တော့ဘူး "

" အခုချိန်မှာမင်းငါ့ကိုသစ္စာဖောက်ပြီး သေနတ်နဲ့ပစ်လိုက်ရင်တောင် ငါမင်းကိုအပြစ်တင်မှာမဟုတ်ဘူးSam ဘာဖြစ်လို့လဲဆိုတော့ငါမင်းကိုချစ်လို့.....ဘယ်တော့မှသွေးကွဲမှာမဟုတ်တဲ့ညီအစ်ကိုတွေလိုမျိုး "

ဟန်နရီကိုမျက်နှာလွှဲကာ Samမတ်တပ်ရပ်လိုက်သည် လက်ထဲကသေနတ်ကို coatအင်္ကျီထဲထည့်လိုက်ပီး အခန်းထဲမှထွက်ဖို့ပြင်လိုက်သည်

" Sam "

သူ့နာမည်ကို နောက်တကြိမ်ထပ်ခေါ်လိုက်တဲ့ဟန်နရီကြောင့် Samရဲ့ခြေလှမ်းတွေကရပ်တန့်သွားခဲ့သည်

" နောက်ဆုံးအနေနဲ့ မင်းငါ့ကိုအရင်ကဆက်ဆံခဲ့တာတွေက စိတ်ရင်းအမှန်လားဆိုတာ သိခွင့်ရှိမလား "

Samအံကိုကြိတ်ကာ ဟန်နရီကိုလှည့်ကြည့်လိုက်သည်

" စိတ်ရင်းအမှန်မဟုတ်ခဲ့ရင်တောင် ငါကျေနပ်သွားအောင် အမှန်လို့လိမ်ပြောပေးနိုင်မလား "

ပြတ်သားစွာပဲ ဟန်နရီကိုမျက်နှာလွဲကာ Samထိုအခန်းထဲမှထွက်လာလိုက်သည် ရှိန်းခန့်ပိုင်ကတော့ အခန်းတွင်း cctvကနေ ဟန်နရီကိုကြည့်ပီး သဘောကျစွာပြုံးရယ်လိုက်သည်

သူကိုယ်တိုင်မသတ်ခဲ့ပေမဲ့ အကုန်လုံးက သူ့ကိုပဲအပြစ်ပုံချနေတာကြောင့် ဟန်နရီသက်ပြင်းချကာ ထိုအခန်းငယ်အတွင်း မျက်လုံးမှိတ်ကာ ငြိမ်သက်နေလိုက်သည် အရင်ထဲကနာကျင်နေတဲ့နှလုံးသားက အယုံကြည်ရဆုံးတပည့်ကြောင့် နှစ်ခါပြန်နာကျင်ရပြန်သည်

HANARY(S1+S2) Where stories live. Discover now