" ပစ်လေ...မင်းငါ့ကိုမုန်းနေတယ်မှတ်လား အခုပစ်!!! "

အနောက်ကနေ ရှိန်းခန့်ပိုင်က ဟန်နရီခြေထောက်ကို သံတုတ်နဲ့ရိုက်ချလိုက်တာမို့ ဒူးထောက်ရက်သားလဲကျသွားသည်
အသိစိတ်လွတ်နေတဲ့ဟန်နရီကို ဆံပင်ကနေကိုင်ဆွဲကာ မျက်နှာဆွဲမော့လိုက်သည်

" စိတ်မပူပါနဲ့ မင်းကိုငါ့လက်နဲ့ကိုယ်တိုင်သတ်ပေးမှာပါ "

သူ့ကိုပြက်ရယ်ပြုနေတဲ့ ရှိန်းခန့်ပိုင်ကိုဟန်နရီသူ့ခေါင်းနဲ့လှမ်းတိုက်လိုက်ပီး ဆွဲထိုးလိုက်သည်

" ခွေးသူတောင်းစား!!! ခင်ဗျားကိုကျုပ်အရင်သတ်မှာ "

ရှိန်းခန့်ပိုင်ပေါ်ကနေဟန်နရီတက်ခွကာ အဆက်မပြတ်ဆွဲထိုးလိုက်သည် ရှိန်းကိုအာရုံရောက်နေတုန်း Samကဟန်နရီကို ဆွဲမတ်ကာဟန်နရီရဲ့မျက်နှာကိုလှမ်းထိုးလိုက်သည်

နှာခေါင်းထဲကကျလာတဲ့သွေးတွေကို ဟန်နရီသုတ်လိုက်ပီး Samကိုလှမ်းကြည့်လိုက်သည် အခွင့်အရေးရသွားတဲ့ရှိန်းက ဟန်နရီပခုံးကို သံတုတ်နဲ့ရိုက်ချလိုက်တာကြောင့် ဟန်နရီလဲကျသွားသည်
အရင်ပုံစံအတိုင်းသာဆို Samကိုကော ရှိန်းကိုကောအသေသတ်လိုက်လို့ရပေမဲ့ တပည့်ရင်းက သစ္စာဖောက်ဖြစ်သွားခဲ့တာကြောင့် ဟန်နရိသည်းခံနေလိုက်သည်

" အဲ့ကောင်ကိုဟိုအခန်းထဲမှာ ကြိုးတုတ်ထားလိုက် "

ရှိန်းရဲ့အမိန့်ကြောင့် လဲကျနေတဲ့ဟန်နရီကို Samဆွဲထူကာ အခန်းကျဥ်းတခုထဲခေါ်သွားလိုက်သည် ထိုအခန်းထဲမှ ထိုင်ခုံတလုံးမှာ ဟန်နရီကိုထိုင်ခိုင်းလိုက်ပီး လက်နောက်ပြန်ကြိုးတုတ်ထားလိုက်သည်

" Sam "

ဖြည်းညင်းစွာခေါ်လိုက်တဲ့အသံလေးကြောင့် ဟန်နရီ့လက်တွေကိုကြိုးတုတ်နေရင်း Samမော့ကြည့်လိုက်သည်

" ဘယ်သူ့ကိုမှအယုံအကြည်မရှိခဲ့တဲ့ငါက မင်းကိုတော့ မျက်လုံးစုံမှိတ်ပီးယုံကြည်ခဲ့ဖူးတယ် ဟီရိုပြောခဲ့တာတောင် ငါလျစ်လျူရှုပီး မင်းကိုပဲယုံကြည်ခဲ့တာ "

" ..... "

" ငါ့ကိုဘယ်အချိန်ထဲက မုန်းတီးနေခဲ့တာလဲ "

HANARY(S1+S2) Where stories live. Discover now