'သူတစ်​ခေါက် ဘာမှမဖြစ်ခဲ့ရင် တကယ် ဒီ အလုပ်က ထွက်​တော့မယ်။'

​ကြောက်စိတ်နဲ့အတူ  အာရုံ​ကြောတို့ကို  ပြင်းထန်စွာ  လှုံ​ဆော်လိုက်တာဆို​ပေမယ့်    လက်​တွေ့ မြင်​တွေ့လိုက်ရတာက  အလှတရားတစ်ခု။
လူ​​ယောင်အသွင်ယူထားတဲ့  ငန်းဖြူတစ်​ကောင်လား  ဒါမှမဟုတ်   ဆီးနှင်းလွှာကို ​ဖောက်ထွင်း   ထုဆစ်ထားတဲ့  ဖ​ယောင်းရုပ်ကြွများလား။
မှန်ပြတင်းဆီက ဖြာကျ​နေတဲ့ လ​​ရောင်​ရဲ့အ​ထောက်အပံ့​အောက်  မှာ သွယ်လျလျလက်နှစ်သွယ်ကို   အ​တောင်​ပံတွေလို  ဖြန့်ကျက်ထားပုံကစလို့   အသက်ရှူသံအဆုံး   ဒဏ္ဍာရီတစ်ပုဒ်ထဲ ပျံသန်းရသလို     စွဲလမ်းဖွယ်။
အပို​ အသုံးအနှုန်း​တွေနဲ့   သွယ်ဝိုက်​နေတာမျိုး မဟုတ်ပဲ ဘဲ​လေးအကနဲ့  အထိအ​တွေ့မရှိဘဲ  ည​စောင့်တစ်​ယောက်ဖြစ်တဲ့  သူလိုလူ​တောင်   ဒီလို  အ​မှောင်ထဲက ခမ်းနားမှုမျိုးကို     စိတ်ကူးမယှဥ်ကြည့် ဖူးဘူး။
နတ်ဘုရား​တွေ  အပင်ပန်းခံထားတဲ့  ဂန္ဒဝင်တစ်ရပ်လို  အနှီးလူသားရဲ့  လှုပ်ရှားမှုတိုင်းဟာ  ​ငေး​​​မောမိသူရဲ့   အသက်ကို​ခြွေဖို့ပဲ။
ပြင်းရှတဲ့   အရှိန်အဝါမှာ  ဤလူသားရဲ့   အသက်သွေး​ကြော​တွေအတွင်း    ရွှေရည်တို့ဖြင့်   စီး​စေသည်ဆိုရင်​တောင်  ယုံရက်နိုင်​လောက်​အောင်အထိ။

'ဝမ်ရိ​ပေါ် '

တင်စားမယ့်  ဂုဏ်ပုဒ်​တွေကို​တောင် သိမ်ငယ်​စေ​အောင်  လှရက်သူ​ပေါ့။

"သခင်​လေးလား။
သခင်​လေး   အခုထိ မပြန်​​သေးတာလား"

အရဲစွန့်ကာ အခန်းအတွင်းထိ ဝင်လို့ ​ ဆိုမိ​တော့   ​ကျော​ပေးထားတဲ့  ထိုလူသားက  မိမိအား  ​နောက်ပြန်လှည့်ကြည့်လာသည်။
အလိုက်မသိစွာ  မျက်နှာ တည့်တည့်  ထိုးထားမိသည့်  ဓါတ်မီး အလင်း​ရောင်ကို လက်ဖဝါးဖြင့်  ကွယ်လိုက်သည့်အခါ  ​မှောင်ရိပ်သမ်းသွားသည့် မျက်နှာ တစ်ဖက်ခြမ်း။

"ခန​နေပြန်မှာ။
မီးပြန်ဖွင့်စရာမလိုဘူး။
ငါ့ ဘာသာငါ  မြင်ရတယ်"

စကားစဖြတ်လို့   အရင်​ကျောခိုင်းကာ  မှန်ချပ်​ရှေ့ မျက်နှာမူလိုက်သည့်  ဝမ်ရိ​ပေါ်​ကြောင့်   ည​စောင့်ကြီးက  အ​ယောင်​ယောင် အနနဖြင့်  အခန်းအတွင်းမှ  အမြန်ထွက်လာမိသည်။

Caligari(Complete)Where stories live. Discover now