Chapter(79):ပေါက်ကွဲထွက်မှု နှစ်ခု-2! ပေါက်ကွဲထွက်မှု နှစ်ခု-2!

Start from the beginning
                                    

ယွီဂျင်လီက သူ့ရဲ့စိတ်အာရုံအသိညဏ်ကို သတိထား ဖြန့်ထုတ်လိုက်ပြီးတော့ စွမ်းအင်အစုအဝေးကို မဝံ့မရဲထိကြည့်လိုက်ပေမဲ့ ကျယ်လောင်လှတဲ့ "ဘန်း" ဆိုတဲ့ အသံတစ်ခု ထွက်ပေါ်လာပြီးတော့ နောက်တစ်စက္ကန့်အကြာမှာပဲ ဗလာစွမ်းအင်ကတ်က ပေါက်ကွဲထွက်သွားလိမ့်မယ်လို့ သူမမျှော်လင့်ထားခဲ့မိပါဘူး။

ယွီဂျင်လီက စွမ်းအင်ကတ်နဲ့ အနီးဆုံးမှာရှိနေတာမို့ သက်ရောက်မှုကို အများဆုံးခံစားရသူ ဖြစ်သွားပြီးတော့ သူ့ဆံပင်တွေကလည်း ပေါက်ကွဲမှုအရှိန်ကြောင့် ရှုပ်ပွသွားတော့တယ်။

ဆရာခါမွန်: . . .

ပေါက်ကွဲမှုက ရုတ်တရက်ကြီး ဖြစ်ပေါ်လာလိမ့်မယ်လို့ ဆရာခါမွန်တစ်ယောက် သိသိသာသာကို မမျှော်လင့်ထားခဲ့မိတာကြောင့် အကာအကွယ်လုံးဝကို မလုပ်ထားခဲ့မိပါဘူး။

"မင်းအခု ဘာလုပ်လိုက်တာလဲ? ငါမင်းကို စွမ်းအင်တွေကို ထိတွေ့ဖို့ကိုပဲ ပြောခဲ့တာ။ အဲ့ဒါတွေကို နှိုးဆွခိုင်းနေတာ မဟုတ်ဘူး!" ဆရာခါမွန်တစ်ယောက် ဒေါသတကြီး ဟိန်းဟောက်လိုက်မိတယ်။

ယွီဂျင်လီတစ်ယောက် အနည်းငယ် မှားယွင်းသွားသလို ခံစားလိုက်ရပြီးတော့ အသံတိုးတိုးလေးနဲ့ ပြန်ပြောလိုက်မိတယ်။ "ကျွန်တော်က အဲ့ဒါတွေကို ထိတွေ့လိုက်ရုံပါပဲ။ အဲ့ဒါတွေကို နှိုးဆွလိုက်တာ မဟုတ်ပါဘူး။"

သူအမှန်တကယ်ကို အဲ့ဒါတွေကို ညင်ညင်သာသာလေး ထိတွေ့လိုက်ရုံပါ။ အဲ့ဒါက ပေါက်ကွဲထွက်သွားလိမ့်မယ်လို့ ဘယ်သူကသိမှာလဲ။

"မင်းအဲ့ဒါတွေကို နှိုးဆွလိုက်တာ မဟုတ်ဘူးဆိုရင် စွမ်းအင်ကတ်က ဘာလို့ ပေါက်ကွဲထွက်သွားရတာလဲ? စွမ်းအင်ကတ်က သူ့ဘာသာသူ ပေါက်ကွဲထွက်သွားပြီးတော့ မင်းကို စွပ်စွဲချင်တာဖြစ်နိုင်မလား?" ဆရာခါမွန်က တဲ့တိုးပြောလိုက်တယ်။

တကယ်လို့ သာမန်စိတ်စွမ်းအားက ကတ်အထဲက စွမ်းအင်တွေကို ညင်ညင်သာသာလေး ထိတွေ့ရုံပဲ ထိတွေ့လိုက်တာဆိုရင် အဲ့ဒါက စွမ်းအင်တွေကို အထိန်းအကွပ်မရှိ ပရမ်းပတာဖြစ်စေမှာ မဟုတ်ပါဘူး။ စိတ်စွမ်းအားက လမ်းညွှန်ချက်တလွဲ ပြုလုပ်လိုက်မှသာ မတော်တဆ ပေါက်ကွဲမှု ဖြစ်ပျက်လာဖို့က အလွန်အမင်းကို လွယ်ကူသွားမှာ ဖြစ်တယ်။ အဲ့ဒါကြောင့် သဘာဝကျကျကိုပဲ ဆရာခါမွန်က အဲ့ဒါကို ထိန်းချုပ်မှုပြဿနာကြောင့်လို့ ယူဆလိုက်တာ ဖြစ်တယ်။

TYGW's Mr.Lucky (BL) [Myanmar Translation] Book-2Where stories live. Discover now