အပိုင်း [ ၃ ]

Start from the beginning
                                    

" မင်းတော့ ... "

" ကဲ သွားရအောင် ၊ အဘစောင့်နေတာ ကြာနေပြီ "

" အော် မေ့လို့ .... "

" ဘာလဲ "

အော်လိုက်တဲ့အသံလေးက ခပ်ဆတ်ဆတ် ။

" ကျုပ်လက်ကိုတွဲဖို့လိုသေးလား ၊ လမ်းမသိမှာဆိုးလို့လေ "

" ဘာ "

" နို့ ခင်ဗျား တွဲချင်တယ်ဆိုလည်း ကျုပ်က အနစ်နာခံပြီး တွဲပေးလိုက်မလို့ပါ "

" မျက်နှာရူးကောင် ၊ ဂွစာကောင် ... "

လူကို ခပ်ဆတ်ဆတ်အော်ပြီး အရှေ့ကနေထွက်သွားတဲ့ သာလိကာပေါက်လေး။

" ဟက် ခင်ဗျားကတော့ ... "

åååå

" ဆရာလေး ထည့်စားပါ ၊အားမနာနဲ့ နော် "

" ဟုတ် ၊ ကျွန်တော် သိပ်မဆာလို့ပါ ဦးကြီးရဲ့"

" ခင်ဗျား မစားနိုင်လို့လား "

အလျင်အမြန်ဖြေလိုက်တဲ့ စကားသံလေးက အားနာနေဟန် ။

" မဟုတ်ပါဘူး ၊ ဟို စားနိုင်ပါတယ် "

" ခင် ဗျား ဘာစားချင်လဲ ၊ ကျုပ်သွားဝယ်ပေးမယ် "

" ဟိုရပါတယ် ၊ အဆင်ပြေပါတယ် စားရတာ"

" သိပ်ပြီးစားနေကျ မဟုတ်လို့ပါ ၊ ဦးကြီးတောင်းပန်ပါတယ် နော် "

" မဟုတ်တာ ဆရာလေးရယ် ၊ ကျုပ်နားလည်ပါတယ် "

" ခင်ဗျား ဝပြီလား "

" အင်း "

" အဘ ဒါဆို ၊ ကျုပ်သူ့ကို ကျောင်းလိုက်ပို့ပေးလိုက်ဦးမယ် "

" အေအေ ၊ ဖြည်းဖြည်းသွားကြ "

" သွားလိုက်ပါဦးမယ် ဦးကြီး "

" ဟုတ်ပါပြီ ... "

ဦးကြီးကို နှုတ်ဆက်ပြီးတာနဲ့ ဟို လူ့ဂွစာကောင်နဲ့ အတူ ကျောင်းကို  ထွက်လာလိုက်တယ် ။

•|•|•|•|•|•|•|•|•|•|•|•|•|•|•|•|•|•|•|•

" ဟို ကျောင်းကဝေးသေးတာလား "

" မဝေးပါဘူး ဘဘုန်းကျောင်းရဲ့ တစ်ဖက်မျက်စောင်းထိုးလေးမှာဘဲ "

ညို့ယူရက်နိုင်သောအရှင် [ 𝖢𝗈𝗆𝗉𝗅𝖾𝗍𝖾𝖽 ] Where stories live. Discover now