အပိုင်း [ ၄ ]

414 33 2
                                    

ရာသီတွေက နွေဦးကနေမိုးဦး ဆီသို့ တရွေ့ရွေ့ကူးပြောင်းလာကြပြီဖြစ်သည် ။ ကျွန်တော်လည်း ဒီရွာကိုရောက်တာ ၂ လနီးပါးရှိနေပြီဖြစ်သည် ။ အရာအားလုံးဟာ အရင်အတိုင်းမပြောင်းမလဲ တည်ရှိနေပေမဲ့ ပြောင်းလဲသွားသည့်အရာတစ်ခုတော့ရှိသည်။ အဲ့တာက ...

“ ခင်ဗျားရေ မပြီးသေးဘူးလား ၊ ဘာတွေပြင်ဆင်နေတာလည်း ”

ထွက်လာသည့် သာလိကာပေါက်လေးက ပုဆိုးအကွက်အစိပ်လေးကိုမှ စိမ်းပုတ်ရောင်လေးကိုဝတ်ဆင်ထားသည် ။ ဖြူဖွေးသည့်အသားအရေနှင့် လိုက်ဖက်လွန်းလှသည်မှာ ပြောစရာစကားတောင်မရှိဖြစ်ရသည်။

“ မင်း ငုတ်တုတ်မေ့သွားတာလား ဟေး ဂွစာကောင် ၊ ဟေး ”

မျက်စိရှေ့ကနေလက်ကို ဟိုဝေ့ဒီဝေ့လုပ်နေသည့် ဒီသာလိကာပေါက်က ဘာကြောင့် သည်လောက်တောင်ချစ်ဖို့ကောင်းရပါသနည်း ။

အင့် ။ လက်ကိုဆွဲလိုက်တော့ အရှိန်မထိန်းနိုင်လိုက်သည့်အခါ ကိုယ်လုံးလေးကပါ ရှေ့ကို ယိုင်ကျလို့လာလေသည် ။

“ မင်း ဖြည်းဖြည်းသာသာ ဆွဲပါလား၊ ငါ ပြုတ်ကျတော့မလို့ရယ် ”

“ ဒီမှာ ... ခင်ဗျား ကျုပ်ကို မြူဆွယ်နေတာတော့မဟုတ်ဘူးမလား ”

“ ဘာ.... ”

အော်လိုက်သည့်အသံက ခန္ဓာကိုယ်နှင့်ပင်မလိုက်ပေ။ ဘာလို့ ဒီလောက် ‌ကိုယ်သေးသေးလေးက အသံအကျယ်ကြီးထွက်လာရတာလဲ ။ အတွင်းအားတွေ ဘာတွေရှိနေတာတော့ မဟုတ်ဘူးမလား ။

“ တော်ပြီ မြန်မြန်သွားတော့မယ် ၊ မင်းနဲ့ တစ်မိနစ် စကားပိုပြောရင် ငါ့အသက် တစ်မိနစ်ပိုစောစောထွက်သွားလိမ့်မယ် ... ၊ ဖယ် လွှတ် ငါ့ကို ... ”

“ ခင်ဗျား စိတ်ကြီးဘဲနော် ဟင်းဟင်း ”

“ မင်းက မကျေနပ်ဘူးလား အဲ့တော့ ”

“ ကျေနပ်ပါတယ် .... ၊ အရမ်းကိုကျေနပ်တာပေါ့ ”

“ ဟွန့် ..... ”

ရှေ့ကနေ ကော့တော့တော့နဲ့ ထွက်သွားသည့် သာလိကာပေါက်က ကျုပ်ထက်အသက်ကြီးတာကို တစ်စက်မှ မယုံနိုင်စရာဖြစ်သည် ။

ညို့ယူရက်နိုင်သောအရှင် [ 𝖢𝗈𝗆𝗉𝗅𝖾𝗍𝖾𝖽 ] Onde as histórias ganham vida. Descobre agora