ဆုန်းဂျယ်နဲ့သူမကညီမတစ်ဝမ်းကွဲတော်စပ်သူဖြစ်သည်။သူ့အဖေနှင့်ယွန်းဂျယ်အဖေကညီကိုအရင်းတွေဖြစ်ပေမဲ့သိပ်အဆက်အဆံမရှိ။ဘာကြောင့်လဲဆိုရင် သွေးသားတော်စပ်ပေမဲ့ ယွန်ဂျယ်တို့မိသားစုအပေါ်ဆုန်းဂျယ်တို့မိသားစုကအမြဲမနာလိုဖြစ်ခဲ့ခြင်းကြောင့်ဖြစ်သည်။အခုလည်းသူမနဲ့မောင့်ကိုသွေးခွဲဖို့ဘာတွေကြံစည်နေပြန်ပြီလဲမသိ။နောက်ပြီး
ဆုန်းဂျယ်ကမိဘတွေရဲ့အလိုလိုက်မှုဖြင့်ဆိုးသွမ်းရိုင်းစိုင်းနေသောအကျင့်ပျက်ကလေးတစ်ယောက်ပင်။မိန်းကလေးဆိုတဲ့ဂုဏ်ပုဒ်နဲ့မညီမျှစွာသူမကအရမ်းကိုဆိုးလွန်းပါသည်။

" ငါ့ယောက်ျားဘာဖြစ်နေနေ နင်နဲ့မဆိုင်ဘူး၊
နင့်ကိစ္စလည်းမဟုတ်ဘူး၊အဲ့တာကြောင့်ငါတို့ကြားထဲနင်ဝင်ပါစရာလည်းမလိုဘူး "

" နင့်ယောက်ျားကနင့်ကိုအိမ်မှာပဲချောင်ထိုးထားပုံရတယ်နော်
"

မထီမဲ့မြင်မျက်နှာထားကဆွဲကုပ်ဖဲ့ချင်စရာကောင်းလောက်အောင်ဒေါသထွက်စေသည်။ကိုယ်ကအကြီးလည်းဖြစ်သလိုစားသောက်ဆိုင်ထဲမှာဖြစ်တာမို့စိတ်ကိုမနည်းလျှော့ထားရခြင်း။ဒါပေမဲ့ သူပြောတာလဲမှားနေတာမျိုးမဟုတ်တော့အနာပေါ်တုတ်ကျသလိုအဖြစ်မျိုးလည်းဖြစ်နေသည်။

" ဒါငါ့ကိစ္စပါ၊နင်နဲ့မဆိုင်ဘူးလို့ပြောပြီးပြီလေ "

" Ok , ဒါဆိုလည်းပြန်လိုက်ပါအုံးမယ်၊ဓာတ်ပုံလေးပို့ထားပေးတာမို့သေချာအောင်နောက်တစ်ခေါက်ပြန်ကြည့်လိုက်ပါအုံး "

ခနဲ့သလိုပြောသွားသောဆုန်းဂျယ်ကြောင့် သူမတက်ခေါက်ရင်းသာကျန်ခဲ့ရသည်။သူမရင်ထဲမွန်းကျပ်ပိတ်လှောင်နေမှုတို့ကမီးစတစ်ခုလိုပူလောင်စေသည်။

မောင်ကဒီလိုလူမှမဟုတ်ဘဲ။ကျွန်မသိခဲ့တဲ့မောင်ကဒီလိုမဟုတ်ဘူးဆိုတာသူမသေချာပေါက်သိသည်။မောင်နဲ့ဆောနူကမိဘချင်းလည်းရင်းနှီးသလို ဆရာတပည့်လိုလည်းဖြစ်နေတာမို့ပုံမှန်ထက်ပိုရင်းနှီးတာမျိုးပဲဖြစ်မှာပါ။မောင်ကယောက်ျားစစ်စစ်ပါ။မောင်က သူမကိုအရမ်းချစ်ခဲ့တယ်မဟုတ်လား။မောင်ကမိန်းကလေးကိုပဲစိတ်ဝင်စားတဲ့သူပါ။
‌တောင်ကနဲမြည်လာသည့် noti သံကသူမနားထဲသို့ဗုံးတစ်လုံးပေါက်ကွဲသလိုပင်ထိန့်လန့်စေတာဘာကြောင့်လဲ။
လွန်ခဲ့သည့်မိနစ်ပိုင်းလောက်ကမှသူမမြင်ခဲ့ရသည့်ဓာတ်ပုံဟာယခုသူမဖုန်းထဲသို့ရောက်ရှိလာခဲ့ပြီ။မဖြစ်နိုင်ဘူးလို့တင်းခံထားပေမဲ့ ထိုဓာတ်ပုံကိုတော့ သူမထပ်ကြည့်ဖို့မဝံ့ရဲ။

နွံမှာ.... ကျွံတဲ့အသည်း ( Completed )Where stories live. Discover now