သူတို့ဟာရုပ်ရှင်ကိုအွန်လိုင်းစာမျက်နှာတွေပေါ်ကနေ စေတနာအလျောက်တဖက်တလမ်းဝိုင်းဝန်းကူညီကြော်ငြာပေးကြပြီး ရုပ်ရှင်မှောင်ခိုရိုက်ကူးခြင်းလုပ်ရပ်များကိုလည်းလက်ဦးမှုယူပြီးတားဆီးနှိမ်နင်းပေးကြသည်။

အခိုက်အတန့်လေးအတွင်းမှာ Orange ၏ ကျော်ကြားမှုမှာ အလွန်အမင်းထိုးတက်လာပြီး အချို့မြို့ကြီးပြကြီးတွေမှာဆို လက်မှတ်များဝယ်ယူဖို့ကိုတောင်တန်းစီကြရ၏။

ယွီချင့်ဟွမ်မှာဂုဏ်ပြုဝမ်းမြောက်စကားဆိုသည့်ဖုန်းခေါ်ဆိုမှုများစွာကိုလက်ခံရရှိခဲ့သည်။ ယွီရှင်းရဲ့ဖုန်းတောင်မှဘယ်လိုမှအနားမနေရပေ။အရာအားလုံးမှာ အကျိုးတူပူးပေါင်းဆောင်ရွက်ဖို့ပင်ဖြစ်တော့၏။

ယွီချင့်ဟွမ်ကို လူငယ်အိုင်ဒေါလ်ဒရာမာဇာတ်လမ်းတခုတွင် အဓိကအမျိုးသားဇာတ်ဆောင်အဖြစ်ဒါရိုက်တာတစ်ဦးမှ ယွမ်၁၀သန်းအထိ‌သရုပ်ဆောင်ကြေးငွေ မြင့်မြင့်မားမားပေးပြီးကမ်းလှမ်းလာခဲ့သည်။

"အားလုံးကိုငြင်းလိုက်ပါ"

Roadshow အတွက် လိုအပ်သောခရီးဆောင်အိတ်များကို ထုပ်ပိုးပြင်ဆင်နေရာကနေ ခေါင်းတောင်မော့မလာပဲ ယွီချင့်ဟွမ်မှယွီရှင်းအားပြောလိုက်၏။

"ကောင်းပြီ"

ယွီရှင်းမှာသက်ပြင်းချလိုက်ပြီး အလုပ်ဖုန်းနံပါတ်နေရာတွင် သူ့ကိုယ်ပိုင်ဖုန်းနံပါတ်အားအစားထိုးလိုက်သည်။ ယွီချင့်ဟွမ်၏ အေးဆေးတည်ငြိမ်မှုကို သူတိတ်တိတ်ကလေး မချီးမွမ်းမိပဲမနေနိုင်ပေ။

Orange ၏ကျော်ကြားမှုကြောင့် ယွီချင့်ဟွမ်၏ လူမှုအဆင့်အတန်းသည်လည်း ဒီရေနှင့်အတူမြင့်တက်လာခဲ့သည်။

ဒါရိုက်တာကောင်းတစ်ဦးနှင့် ဇာတ်ညွှန်းကောင်းတခုက ဇာတ်ကား၏အောင်မြင်မှုကို ပံ့ပိုးကူညီပေးခဲ့တာမှန်သော်လည်းသူ၏ပြောင်မြောက်သော သရုပ်ဆောင်စွမ်းရည်မှာလည်း ခုလိုရလဒ်ကောင်းတခုထွက်လာဖို့အတွက် မရှိမဖြစ်အရေးကြီးသောအခြေခံသဘောတရားတစ်ခုဖြစ်ခဲ့ပေသည်။

ဒီဇာတ်ကားရဲ့ရာနှုန်းပြည့်အဓိကကျသောဇာတ်ဆောင်တယောက်အနေနဲ့ ယွီချင့်ဟွမ်ဟာ Orange ရဲ့ Box Office ကို မြှင့်တင်ပေးနိုင်ခဲ့တဲ့ ချီးကျုးမြှောက်စားထိုက်သောကာရိုက်တာတခုလို့ဆိုနိုင်ပေသည်။

ရည်းစား​လေးထားချင်မိတဲ့ကျွန်​တော် (ဘာသာပြန်)Where stories live. Discover now