မနေ့က ညစာ ထမင်းဝိုင်းတွင် မေမေနှင့် ဖေဖေတို့ တိမ်တိုက် ရောဂါအကြောင်းပြောဖြစ်ကြသည်။ အန်တီယုယခိုင်က တိမ်တိုက်ကို အလုပ်နားစေချင်နေသည့်အပြင် ကျောင်းကိုလည်း သူမ လိုက်ပို့ချင်သော်လည်း ဆိုင်တစ်ဖက်နှင့် အဆင်မပြေကြောင်း များ အချင်းချင်းပြောနေကြသည်။ လိုက်ပို့ပေးလိုက် ဆိုတာတော့ မပါချေ။ တိမ်တိုက် သက်သက် မေမေ့ နာမည်သုံးခြင်းသာဖြစ်လိမ့်မည်။
သို့သော် သည်ပုံဖြင့် တိမ်တိုက်အား လိုင်းကား တော့ တိုးမစီးစေချင်။

ရည်ရွယ်ချက်ရှိရှိ ဖြင့် မနက်အစောကြီးထသော်လည်း ဟိုဘက်အိမ်မှ ကာလနဂါးမှာ ခုထိ မနိုးသေးပေ။ ရပ်ကွက်တစ်ပတ်ပြေးရင်း လမ်းတွင်တွေ့သော အန်တီယုယခိုင်က ပြော ပြ သည်။

....................

သုဓမ္မာလမ်းပေါ်တွင်ဖြစ်သည်။ ၄လမ်းသွား ကားလမ်းမပေါ်တွင် ကိုယ်ပိုင်ကား၊ တက်စီ နှင့် ဘက်စ်ကားများ ပြေးလွှားနေသည်။

ရှန်မင်းတို့ ကားလေးအတွင်း အေးစက်စက်လေထုတို့ လွှမ်းမိုးထားသည်။ နွေ မနက်ခင်းက သည်လောက် အေးမည်လား သို့မဟုတ် ဘေးက အေးစက်တင်းမာနေသော မျက်ဝန်းတို့ဖြင့် တည်ငြိမ်နေသော Driver ကြောင့်လား တိမ်တိုက် မသိတော့ပေ။ တစ်ခုခုတော့ သူ့အား စိတ်ဆိုးနေသည့် အငွေ့အသက်ရနေသည်။

'' ရှန်မင်း ငါ့ကို စိတ်ဆိုးနေတာလား ''

'' စိတ်ဆိုးရအောင် မင်း ဘာလုပ်ထားလို့လဲ ''

'' အဲ့တာ ငါ..ငါ..မနေ့ညက ''

'' မင်း ကားလမ်းမ အလယ်မှာ ချထားမခံရချင်ရင် မနေ့ညက အကြောင်းကို ထပ်မဟနဲ့ ''

ရှန်မင်း၏ မာန်မဲနေသာ စကား​ကြောင့် တိမ်တိုက် ဆက်ပြောမည့်စကားတို့ပင် နင်သွားသည်။ ဆက်ပြောလိုက်လျှင် အခြေအနေမကောင်း။ ရှန်မင်းစိတ်ဆိုးနေသည်ကိုလည်း မလိုချင်၍ နောက်မှထပ်ပြောကြည့်တော့မည် ဟုတွေးကာ ငြိမ်ငြိမ်လေးပဲ လိုက်လာခဲ့တော့သည်။

Phyics အဆောင် ရှေ့တွင် ကားဝင်ထိုးလိုက်သည်။ ခါးပတ်ဖြုတ်နေသော တိမ်တိုက်အား

'' ဘယ်ချိန်ဆင်းမှာလဲ ''

'' မင်းပြန်ချင်ပြန်လို့ရတယ် ဒီနေ့က ၃နာရီထိ အတန်းရှိလို့''

NotWithStanding...(မည်သို့ပင်ဖြစ်စေ... ) (Completed)Where stories live. Discover now