381 64 36
                                    

Story Description မဖတ်ရသေးရင် အရင်သွားဖတ်လိုက်ပါနော်

. . .


💬 ဘေဘီရေ ကိုယ်ရောက်နှင့်နေပြီနော်💬

မီးလင်းလာတဲ့ ဖုန်းစခရင်မှာ စာတိုတစ်စောင်ရယ်၊ 8:40 AMရယ်က ထင်းထင်းရင်းရင်း။

တကယ်ဆို ချိန်းဆိုထားတာ 9နာရီ။

"ဒီနေ့ ကောင်လေးနဲ့ချိန်းထားတယ်ပေါ့"

"ဟုတ်တယ်ဗျ"

"ဟုတ်ပါပြီဗျာ ဒါနဲ့ဘာသောက်မှာလဲ ခါတိုင်းလိုပဲလား"

"ဟုတ်ကဲ့ ခါတိုင်းလိုပဲ အချိုရဲပေးပါဦး ဦးလေးရေ"

အလွမ်းကဖီးလို့ အမည်တပ်ထားတဲ့ ကော်ဖီဆိုင်ထဲမှာ ဆိုင်ပိုင်ရှင်နဲ့ထယ်ယောင်းတို့ရဲ့ စကားသံတို့က ပျံ့နှံ့လို့နေတယ်။
ဆိုင်ရဲ့ မျက်နှာစာကို မှန်ဖြင့်ကာရံထားလို့ ထယ်ယောင်းထိုင်နေတဲ့နေရာက အပြင်ကကြည့်ရင် အတိုင်းသားမြင်ရတယ်။

ဆိုင်ရှင်ဦးလေး လာပေးသွားတဲ့ ကော်ဖီခွက်ကို တစ်ငုံသာသောက်ပြီး ထပ်မထိတို့တော့တဲ့ ထယ်ယောင်းဟာ လက်ကနာရီကို တကြည့်ကြည့်။

အေးစက်သွားတဲ့ ကော်ဖီခွက်ရယ်၊ ကုန်လွန်လာတဲ့ အချိန်တွေရယ်။
ထယ်ယောင်းရဲ့မျက်နှာကတော့ ပကတိလန်းဆန်းတက်ကြွလို့။

💬ကျွန်တော် မလာဖြစ်တော့ဘူး💬

အရှင်းလင်းဆုံး ပြန်စာနဲ့အတူ ဂျောင်ဂုရဲ့ခြေလှမ်းတွေကို အလွမ်းကဖီးဆိုင်ရဲ့ ဆန့်ကျင်ဘက်သို့ ဦးတည်ရင်း။

.
.
.

"ပြင်းပြင်းလေး ပေးပါ"

"ဟျောင့် ငါ့ကောင် မင်းညစ်နေတာလား"

မြူးကြွကြွဒီဂျေရဲ့ စည်းချက်များအောက် ရောင်စုံမီးများက ကခုန်လို့နေတယ်။
တိုကပ်ကပ် အဆင်တဆာတွေခြံရံထားတဲ့ မိန်းမပျိုများရယ်၊ အရောင်တွေလက်နေတဲ့ မျက်ဝန်းများနဲ့ယောက်ျားသားတို့ Dancing floorဘက်တွင် တွန့်လိမ်ကောက်ကွေးလို့။

"မင်း"

"အင်း"

ဝိတ်တာကမ်းလာတဲ့ ခွက်ကို တစ်ဝက်ကျိုးတဲ့အထိ မော့ချပစ်လိုက်တဲ့ ဂျောင်ကု။
မှာထားတဲ့တိုင်း ခပ်ပြင်းပြင်းပေါ့။

အလွမ်းကဖီး / အလွမ်းကဖီး (One Shot)Where stories live. Discover now