" မများပါဘူး အချစ်ဘာစားချင်လို့လဲ ကိုအပြန်ကျ၀ယ်ခဲ့မယ်လေ "
" ဘာမှမစားချင်ပါဘူး ဒီနေ့ကော အိမ်ပြန်နောက်ကျမှာလား "
" ဒီနေ့ ကိုအလုပ်လေးနည်းနည်းများနေလို့ နောက်ကျမယ်ထင်တယ် ဒီနေ့တရက်ပါပဲ နောက်နေ့ကျ ကိုအလုပ်အားသွားပီ အချစ်သွားချင်တဲ့နေရာလိုက်ပိို့ပေးမယ်နော် "
" မနက်က အလုပ်ကိုအချိန်မှီရောက်ရဲ့လား "
" ကို့ကလေးလေးက ကို့အလုပ်တွေကိုစိတ်၀င်စားနေတာပေါ့လေ မနက်က 10နာရီလောက် အလုပ်ကိုရောက်ပါတယ်ဗျာ "
" အော်~~ "
" အချစ်အသံလေးကပျော့နေသလိုပဲ နေမကောင်းလို့လား "
" မဟုတ်ပါဘူး ကျတော်နည်းနည်းအိပ်ငိုက်နေလို့...ခင်ဗျားလဲအလုပ်ရှုပ်နေတာဆိုတော့ ဒါပဲနော် အိမ်ရောက်မှတွေ့ကြမယ်"
" ဟုတ်ပါပီဗျာ အများကြီးချစ်တယ်နော် "
" ဒါပဲနော် "
" အများကြီးချစ်တယ်နော်လို့ !!! "
" ဖုန်းချလိုက်တော့မယ် "
လွန်းဘက်မှ ချစ်တယ်ဆိုပီးပြန်မပြောသေးတာကြောင့် ဟန်နရီဘ၀င်မကျဖြစ်လာသည်
" ခဏနေအုံး!! အချစ်ဘာဖြစ်နေတာလဲ ကို့ကိုစိတ်ဆိုးနေတာလား "
" မဆိုးပါဘူး ကျတော်လဲချစ်တယ်နော် အများကြီးချစ်တာပါ "
သူကြားချင်တဲ့အဖြေရမှ ဟန်နရီပြန်ငြိမ်သွားသည် လွန်းကတော့ ဖုန်းချပီးတာနဲ့ မျက်ရည်လေးတွေ၀ဲကာ လမ်းလျှောက်လာလိုက်သည် အရင်ထဲက ခံစားလွယ်တဲ့ကလေးမို့ အချိန်ခဏလေးအတွင်းမှာတင် မျက်ရည်လေးတွေစီးကျလာသည်
" လွန်း "
အနောက်ကနေ လှမ်းခေါ်လိုက်တဲ့လူကြောင့် ပါးပြင်ပေါ်ကသူ့မျက်ရည်လေးတွေကိုသုတ်ကာ နောက်လှည့်ကြည့်လိုက်သည်
" အကို့ကို မှတ်မိလား "
" ဟိုတခါ ကားနဲ့... "
" လွန်းကဥာဏ်ကောင်းသားပဲ အကိုကရှိန်းလေ "
" ဟုတ် ကျတော်မှတ်မိပါတယ် ဘာကိစ္စများရှိလို့လဲဗျ "
Ch-15(Uni/Zg)
Start from the beginning