သူ့လက်ထဲက ဓာတ်ပုံတွေကို ကုတင်အောက်ထဲထိုးထည့်ကာ လွန်းအပြင်ကိုပြေးထွက်လာလိုက်သည်

" မိလှိုင် ငါအပြင်ခဏသွားလိုက်အုံးမယ်နော် "

" တယောက်ထဲသွားမလို့လားလွန်း ကိုဖိုးစိန်ကိုလိုက်ပိို့ခိုင်းမယ်လေ "

" ရတယ် ငါ taxiပဲငှားစီးသွားမှာ ခဏနေရင်ပြန်လာခဲ့မယ်နော် "

အရင်ထဲက သူ့ကိုယ်ရေးကိုယ်တာကိစ္စနဲ့ပတ်သတ်ပီး ကျတော့်ကိုဘာမှမပြောခဲ့ဖူးပေမဲ့ တခုခုကိုဖုံးကွယ်ထားနေမှန်း ကျတော်ရိပ်မိခဲ့ပါတယ် လက်ထပ်တုန်းကလဲ တခြားသူစိမ်းတွေကို ကျတော်နဲ့ပေးမတွေ့ချင်ဘူးဆိုပီး ရင်းနှီးတဲ့သူတွေလောက်ပဲဖိတ်ခဲ့တယ် မေ့မေ့ပျောက်ပျောက်ပဲထားခဲ့ပေမဲ့ ကျတော့်ဆီရောက်လာတဲ့ ထူးဆန်းတဲ့အရာတွေက သူနဲ့ပတ်သတ်တာတွေချည်းပါပဲ ကျတော်မသိပဲ ဘာတွေများလုပ်နေတာလဲ ခင်ဗျားရယ်~~~

*********

" ဘယ်သူနဲ့ တွေ့ချင်လို့ပါလဲရှင့် "

" ကျတော် ဟန်နရီနဲ့တွေ့ချင်လို့ပါ "

" အားနာပေမဲ့ သူဌေးက ဒီနေ့အလုပ်မလာပါဘူးရှင့် "

" ခင်ဗျာ...သူမနက်ထဲက Companyမှာရှိနေတာမဟုတ်ဘူးလား "

" သူဌေးက နေ့တိုင်း Companyကိုမလာပါဘူးရှင့် တပတ်သုံးရက်လောက်ပဲလာတာပါ အရေးကြီးကိစ္စရှိရင် ဖုန်းဆက်ပေးရမလားဟင် "

" မရှိပါဘူးဗျ ကျတော့်ကိုခွင့်ပြုပါအုံး "

လေးလံတဲ့ခြေလှမ်းတွေနဲ့ အပြင်ကိုပြန်ထွက်လာခဲ့တယ်
" အလုပ်တွေအမြဲရှုပ်နေလို့အိပ်ပြန်နောက်ကျတာပါ
အချစ်ရယ် "ဆိိုတဲ့လူက Companyကိုတပတ်သုံးရက်လောက်ပဲလာတာတဲ့လား

မေးခွန်းများစွာတွေးနေတဲ့ကလေးငယ်က သူ့အိတ်ထဲမှ ဖုန်းကိုထုတ်ကာ ဟန်နရီကိုလှမ်းခေါ်လိုက်သည်

" Hello "

" ကိုကို "

" ဗျ "

" ခင်ဗျားအခုဘယ်မှာလဲဟင် "

" Companyမှာပေါ့ အချစ်ရဲ့ "

" အော်~~ အရမ်းအလုပ်များနေလား "

HANARY(S1+S2) Where stories live. Discover now