chapter 9

9 2 0
                                    

မနက်လင်းလို့နိုးစက်မြည်တော့ chrisလဲပြင်ဆင်ပြီးnoahနဲ့ချိန်းထားတဲ့နေရာမှာ‌သွားတွေ့ခဲ့တယ်။

Chrisကသိချင်စောနဲ့စောရောက်နေခဲ့ပြီးnoahအလာကိုစောင့်ရင်းကော်ဖီသုံးခွက်တောင်သောက်လိုက်မိတယ်။

Noahရောက်လာတော့noahလက်မှာလက်စွပ်မစွပ်ထားတာတွေ့သွားတဲ့chrisကတော့လန့်ပြီးစကားမပြောနိုင်ဖြစ်နေခဲ့တယ်။

Chrisလဲသတ္တိမွေးပြီးလက်စွပ်အကြောင်းမေးမလို့လုပ်နေတုန်းအမည်မသိဖုန်းတခုဝင်လာတယ်။

Chrisကိုင်လိုက်တော့ဖုန်းပြောတဲ့လူက Dianaဖြစ်နေပြီးသူ car accidentဖြစ်တယ်ဆိုတဲ့အကြောင်းပြောပြလိုက်တော့နှစ်ယောက်လုံးလန့်ပြီးဆေးရုံကိုလိုက်လာကြတယ်။

နှစ်ယောက်လူံးက Dianaကိုအရမ်းစိတ်ပူနေတာနဲ့လက်စွပ်အကြောင်းကိုပါမေ့လုနီးပါဖြစ်သွားခဲ့တယ်။

ဆေးရုံရောက်တော့ဆေးရုံရှေ့မှာ Matthewကအမျိုးသမီးတယောက်နဲ့ရင်းရင်းနှီးနှီးစကားပြောနေတာကိုnoahတွေ့သွားခဲ့တယ်။ဒါမဲ့ Dianaကိုစိတ်ပူနေတာနဲ့အဲ့အကြောင်းကိုဂရုမစိုက်နိုင်ပဲအပြေးသွားခဲ့တယ်။

Dianaနဲ့တွေ့တော့dianaကကြီးကြီးမားမားဖြစ်တာမဟုတ်တာကြောင့်နှစ်ယောက်လုံးစိတ်သက်သာသွားတယ်။noahကတော့ Matthewနဲ့သူ့ဘေးကအမျိုးသမီးအကြောင်းပဲတွေးနေမိတယ်။

ခဏကြာတော့Dianaရဲ့အခန်းထဲကို Matthewနဲ့စောနကအမျိုးသမီးဝင်လာခဲ့တယ်။matthewလဲnoahကိုမြင်‌‌ေတာ့အံဩသွားခဲ့တယ်။

Dianaကတော့သူကို Nataliaကကူညီပေးခဲ့တာဖြစ်ကြောင်းပြောပြခဲ့တယ်။matthewကလဲnataliaကသူ့ညီမဆိုတဲ့အကြောင်းမိတ်ဆက်ပေးခဲ့တယ်။

Noahလဲသူမသိလိုက်ပဲစိတ်အေးသွားခဲ့တယ်။
ခဏကြာတော့matthewကသူ့ကားထဲမှာကျန်ခဲ့တဲ့noahရဲ့လက်စွပ်ကိုပြန်ပေးတာကိုchrisကတွေ့သွားတော့သူလဲတွေးပူနေတာကနေစိတ်အေးသွားခဲ့တယ်။

ညနေဘက်နေအေးတဲ့အချိန် Matthewကnoahကိုပြန်လိုက်ပို့ခဲ့တယ်။ Jacobကdianaကိုလာတွေ့ရင်းနဲ့chrisကိုဝင်ခေါ်သွားတယ်။ Nataliaကတော့ညဘက်အထိစောင့်ပေးမယ်ဆိုပြီးနေခဲ့တယ်။

ညဘက်မှောင်ပြီးလူရှင်းတဲ့အချိန်မှာ Nataliaကအိမ်ပြန်ဖို့လုပ်နေတုန်းရဲကားတွေအများကြီးဖြတ်သွားတာကိုတွေ့ခဲ့တယ်။

သူကတော့ဒီတလောလူသတ်မှုတွေဖြစ်နေတဲ့အကြောင်းကိုတွေးပြီးစိတ်ညစ်နေတယ်။အိမ်ပြန်တဲ့လမ်းမှာလူသတ်မှုနှစ်ခုကြောင့်လမ်းပိတ်နေတာနဲ့အိမ်ပြန်နောက်ကျခဲ့တယ်။

You've reached the end of published parts.

⏰ Last updated: Mar 10, 2022 ⏰

Add this story to your Library to get notified about new parts!

I'm in love with a hypocriteWhere stories live. Discover now