" ချစ်တယ်မေမေ၊
သားသွားပြီနော် "

အမေဖြစ်သူ၏ပါးပြင်သို့တစ်ချက်နမ်းကာကားပေါ်မှဆင်းသွားသည့်သာသား၏နောက်ကျောလေးပျောက်ကွယ်သွားသည်အထိသူမငေးရင်း သားသားကိုမမြင်ရတော့သည့်အခါမှကားမောင်းထွက်ခဲ့တော့သည်။

******

" ပြောစရာရှိတာကိုအမြန်ပြောပါ၊ကျွန်မအချိန်မရဘူး "

တင်းမာသည့်မျက်နှာထားဖြင့်တစ်ဖက်လူရဲ့မျက်နှာကိုတောင်သူမ စေ့စေ့မကြည့်ချင်။သူမနာကျင်ရသမျှအရာအားလုံးကထိုလူကြောင့်ဆိုတဲ့အသိဖြင့်သူမထိုလူ့အပေါ် နာကျည်းသည့်စိတ်တို့ကပြည့်နှက်လျက်။

" ကိုယ်ယွန်းကိုသိပ်သတိရလို့ပါ "

" အရည်မရအဖက်မရတဲ့စကားတွေမပြောပါနဲ့ရှင်၊အခုချိန်မှာကျွန်မကအိမ်ထောင်သည်တစ်ယောက်ဖြစ်နေပါပြီ၊ဒီစကားတွေကိုပြောသင့်လားမပြောသင့်လားရှင်စဉ်းစားတတ်မယ်လို့ကျွန်မထင်ပါတယ် "

" ကိုယ့်ကိုအဲ့လောက်တောင်စိတ်နာနေခဲ့တာလား ယွန်းရယ် "

" ရှင့်ကြောင့်သာမဟုတ်ရင်ကျွန်မရဲ့အိမ်ထောင်ရေးကအခုလို
အေးစက်နေမှာမဟုတ်ဝာာတော့သေချာတယ်မဟုတ်လား "

ဒေါသတို့ပါထွက်လာရကာ ယွန်းဂျယ်ရဲ့အသံမှာအနည်းငယ်ကျယ်သွားသည်။စားသောက်ဆိုင်ထဲမှာသူမတို့ရှိနေတာမို့ဘေးဝိုင်းမှလူတချို့၏အကြည့်တို့ကသူမတို့ဝိုင်းဆီဝေ့ဝဲလျက်။ထိုလူ့မျက်နှာထက်နောင်တ တရားတို့ပြည့်နှက်နေသည့်မျက်ဝန်းတို့ကိုမြင်နေရပေမဲ့သူမ မသနားမိ။ထိုလူ့ကြောင့်ဆိုပေမဲ့ သူမမိဘတွေ၏ပရောဂလည်းပါဝင်နေခဲ့သည်မဟုတ်လား။

" အချိန်မရတာမို့ ကျွန်မကိုခွင့်ပြုပါအုံး "

" နေနေပါအုံး ယွန်း၊
ကိုယ်ယွန်းကိုနောက်ဆုံးအနေနဲ့နှုတ်ဆက်ချင်လို့ပါ "

" ကျွန်မသိပြီမို့ ပြန်လိုက်ပါအုံးမယ် "

ထိုလူ့မျက်နှာအားသူမထပ်မကြည့်ချင်မမြင်ချင်တော့။ထိုလူဘယ်ကိုပဲထွက်သွားထွက်သွားသူမအတွက်အရေးမပါ။ထိုလူသည်အစကတည်းကသူမဘဝထဲမှာရှိခဲ့သည့်သူမှမဟုတ်ဘဲလေ။သူမ မိဘတွေကြောင့်သာတခဏမျှပတ်သက်ခဲ့ရဖူးသူမဟုတ်လား။ဒါ့ကြောင့်ထိုလူ့အတွက် သူမဆီမှာဘာခံစားချက်၊ဘာမျှော်လင့်ချက်မှရှိမနေ။နီးနီးမှာပဲရှိရှိဝေးဝေးမှာပဲရှိရှိသူမအတွက်ပြဿနာမဟုတ်။မောင် အထင်လွဲမှာစိုးသည်ကလွဲလို့သူမဘယ်အရာမှမကြောက်ပေ။

နွံမှာ.... ကျွံတဲ့အသည်း ( Completed )Onde histórias criam vida. Descubra agora