134

7.9K 1.3K 61
                                    

{Unicode}

"ပဟေဠိ"

ဝမ်ယန်၏ စိတ်ခံစားချက်များက အထိန်းအကွပ် မဲ့သွားသည်။

ယဲ့ဖန် အခန်းထဲ ဝင်ဝင်လာချင်းမှာပဲ ဝမ်ယန်၏ မျက်လုံးတစ်စုံက သွေးချင်းနီလောက်အောင် လောင်မြိုက်နေသည်ကို တွေ့လိုက်ရသည်။ တစ်ကိုယ်လုံးမှာ ကြီးလှစွာသော အမျက်ဒေါသတို့ ဖုံးလွှမ်းနေသော ပုံစံမျိုး ဖြစ်နေပြီး ခြေထောက်မြှောက်ကာ စိတ်ရူးဖောက်နေသလိုမျိုး ရန်ကျားလိ၏ လှောင်အိမ်ကို ကန်သည်။

ယဲ့ဖန်၏ အကြည့်က မှုန်ရီ အေးစက်သွားပြီး သက်တော်စောင့်များအား ဝမ်ယန်ကို လျင်လျင်မြန်မြန် ဆွဲခိုင်းလိုက်သည်။

ယဲ့ဖန်သည် ဝမ်ယန်ရှေ့ လျှောက်သွားပြီး လက်ချောင်းဖြင့် ဝမ်ယန်၏ မေးစေ့ကို ပင့်မလိုက်ကာ မည်းနက် စူးရှနေသည့် မျက်လုံးများဖြင့် ဝမ်ယန်ကို တည့်တည့် စိုက်ကြည့်သည်။ လေသံကပါ အုံ့မှိုင်းနေပြီး (ထိုလေသံထဲတွင်) ခံစားချက် တချို့တစ်ဝက်လေးပင် မကြားနိုင်ဘဲ

"မင်းဘာတွေ ဆူညံနေတာလဲ"

ဝမ်ယန်က ဒေါသတကြီးနှင့် ပြောသည်။

"သူက ရန်သူ"

"သူက မင်းရန်သူမှန်း ကိုယ်သိပါတယ်။ မင်းဒီနေ့မှ ရုတ်တရက်ကြီး သူ့ကိုရိုက်တာ ဘာဖြစ်လို့လဲ"

ဝမ်ယန်က ရုတ်တရက် ရယ်လိုက်ပြီး စိတ်ရူးဖောက်နေသည့် ပုံစံမှာ ယဲ့ဖန်အား မျက်မှောင်ကို ခပ်တင်းတင်း ကြုတ်ထားမိစေသည်။

"သူ နောက်ဆုံးတော့ အမြီး ထုတ်ပြလာပြီလေ"

ယဲ့ဖန်က နားမလည်ဘဲ

"အမြီး?"

ဝမ်ယန်သည် ရန်ကျားလိကို လက်ညှိုးထိုးလိုက်ပြီး လျှို့ဝှက်ချက် ကြီးကြီးမားမား ရှာတွေ့သွားသည့်ပုံနှင့်

"ဒီရက်ပိုင်းတွေမှာ သူက ကျွန်တော်နဲ့ စကားပြောဖို့ကိုပဲ တစ်ချိန်လုံး နည်းလမ်းရှာနေတာ။ သူက ခင်ဗျားကို ကျွန်တော့်ရဲ့ ကျေးဇူးရှင် မဟုတ်ဘူးလို့ ပြောတယ်၊ ခင်ဗျားကမှ ကျွန်တော့်ရဲ့ ရန်သူပါတဲ့။ သူ လိမ်ပြောနေတာ၊ သူက ထွက်ပြေးချင်နေတာ"

ရည်းစားဟောင်းက ငါ့ကိုမျက်စိကျနေပြန်ပြီ (ဘာသာပြန်)Where stories live. Discover now