“ချန်ဖေး.. အရှင်ကကော”
“အရှင်ကစစ်ရေးလေ့ကျင့်ကွင်းသွားပါတယ် ”
ရှောင်းဟုန်ပြတင်းပေါက်ကနေတဆင့်အပြင်ကိုကြည့်လိုက်တော့မှုန်ပျပျ အလင်းရောင်ကိုသာတွေ့ရသည်။ဒီလောက်တောင်အစောကြီးကိုသွားတာလား။
“ရှောင်းဟုန်အရှင့်ဆီသွားချင်တယ်”
ချန်ဖေးကရှောင်းဟုန်ရဲ့ကလေးလိုအပြုအမှုကြောင့်ရယ်မောနေလေသည်။ပြီးနောက်မှာတော့ ရှောင်းဟုန်ရဲ့ကိုယ်ပေါ်ကိုတစ်ချက်ကြည့်ပြီး
“ကြင်ယာတော်အရင်ဝတ်ရုံတော်ကိုလဲသင့်ပါတယ် ”
ချန်ဖေးပြောလိုက်မှရှောင်းဟုန်သူ့ဝတ်စုံကိုငုံ့ကြည့်လိုက်တော့မနေ့ကမင်္ဂလာဝတ်စုံကိုမလဲရသေးသည်ကိုတွေ့လိုက်ရသည်ရှောင်းဟုန်ကချန်ဖေးကိုသွားတွေပေါ်အောင်ဟီးခနဲရီပြလိုက်တော့ ချန်ဖေးကသက်ပြင်းချကာအပျိုတော်တွေကိုခေါ်ပြီးရှောင်းဟုန်ကိုကိုယ်လက် သန့်စင်ပြီးအ၀တ်လဲစေသည်။
“ရှောင်းဟုန်ကိုပေါ့ပေါ့ပါးပါးအ၀တ်ပဲပေးပါ”
အပျိုတော်တွေကသူပြောတာကိုခေါင်းညိမ့်ပြီးခပ်ရှင်းရှင်း အဖြူရောင်ဝတ်စုံကိုသာယူလာခဲ့သည်။
“ကြင်ယာတော်ရဲ့ကိုယ်ကတအားသေးတာပဲ”
ဝတ်ရုံပြင်ဝတ်ပေးနေသည့်အပျိုတော်တစ်ယောက်ရဲ့စကားကြောင့် ရှောင်းဟုန်ပြုံးလိုက်သည်။
“ရှောင်းဟုန်ကကျန်းမာရေးမကောင်းဘူးလေ ငယ်ငယ်လေးထဲကချူချာတာ ”
ရှောင်းဟုန်ပြောလိုက်မှအပျိုလေးတွေကအော်ဟုဆိုပြီးပြောကာဝတ်ရုံကိုဆက်ပြင်နေလိုက်သည်။
“ဆံပင်ကိုအကုန်မစီးထားပဲရှောင်းဟုန်ကိုတစ်ဝက်ချပေးပါ”
"ကောင်းပါပြီ "
ရှောင်းဟုန်ရဲ့ဆံပင်တစ်ဝက်ကို အဖြူရောင်အစနှင့်ခပ်မြင့်မြင့်စည်းထားပြီးထိုအစလေးကလေတိုက်တိုင်းလွင့်ပါနေသည်မှာ ရှောင်းဟုန်ကိုပိုပြီးကြည့်ရတာ လှသလိုပင်
"ဆံထိုးက ဘယ်ဟာကြိုက်သလဲကြင်ယာတော် "
ရှောင်းဟုန်ကြည့်လိုက်တော့ စုံလင်နေတဲ့ဆံထိုးပေါင်းများစွာ ခေါင်းကိုသာအသာယမ်းခါပြီးမှန်ရှေ့ကထလာခဲ့သည်။
တံခါးကိုဖွင့်လိုက်တော့အရှေ့မှာသူ့ကိုစောင့်နေသည့် ချန်ဖေး