ထို့အပြင် လောက်ကိုင်နှင့်ကွဲပြားစွာ ချယ်ရီပန်းပင်များကိုပေါပေါလောလောတွေ့မြင်နိုင် ရုံသာမကတောင်ကြောတစ်လျှောက်ပေါက်ရောက်နေသည့်လက်ဖက်ခင်းများကို‌လည်း မြင်တွေ့နိုင်သေးသည်။

တောင်တက်လမ်းတစ်လျှောက် တရွေ့ရွေ့သွားနေသောဆိုင်ကယ်လေးက အဝေးကကြည့်လျှင် သေးသေးလေးသာ။
တရုတ်နိုင်ငံထုတ်
(ထိုဒေ‌သအခေါ် ကုလားဘီး)ဆိုင်ကယ်က ခပ်ကြီးကြီးမို့ လူသုံးယောက်ကအေးဆေးထိုင်လို့ရ၏။

သို့ပါသော်လည်း အခုအခါမှာတော့
အမျိုးသားနှစ်ဦးသာလိုက်ပါလာကာ
မောင်းနှင်လာသောဆိုင်ကယ်က တာရွှေထန်ရွာသို့ဝင်ခါနီးမှာတော့ အရှိန်လျော့သွားလေသည်။

"ရောက်ပြီကွ"

ဆိုင်ကယ်ပေါ်မှနေ၍ လက်နှစ်ဖက်ကိုလှုပ်ယမ်းကာ နိုင်းကခပ်မြူးမြူဆိုလာ၏။

"ချမ်းတယ်နော်ရှင်း"

"အင်း"

ဆိုင်ကယ်ကိုအာရုံစိုက်မောင်းနေသူကအင်းတစ်လုံးပြောကာ ပြန်တိတ်သွားသည်မို့ နိုင်းအတွန့်တက်ရန်ပြင်လိုက်သော်လည်း မပြောဖြစ်တော့ဘဲ ဘေးသို့သာကြည့်နေလိုက်တော့သည်။

ရွာဝင်ခါနီး ဘယ်ဘက်ဘေးဘက်၌

"ရဲသော်မသော် သေသော်ငရဲမလား"

ဆိုသည့်စာသားကိုမြင်၍ကြည့်မိတော့
အမှတ်(၉၃၆)ထောက်ပံ့နှင့်ပို့ဆောင်ရေးတပ်ရင်းဟုရေးထားလေသည်။ဘေးတစ်ဖက်ရှိတောင်ကုန်းကတော့ ဗျူဟာကုန်းဖြစ်ပုံရသည်။

ရှေ့ဆက်သွားရင်း ရွာဝင်တော့ ဘယ်ဘက်၌ တောင်တန်းသာသနာပြုဘုန်းကြီးကျောင်းကိုမြင်တွေ့နိုင်ကာ ညာဘက်တွင်တော့ရဲစခန်းတို့ရှိကြလေသည်။

ရွာဝင်ဝင်ချင်းမှာပင်လူများစည်ကားနေပုံအရ ဈေးနေ့ဖြစ်ပုံရ၏။
တာရွှေထန် ကအိမ်ခြေနည်းပေမယ့် ဈေးနေ့တွင်တော့‌ရွာဘက်မှတိုင်းရင်းသားပေါင်းစုံလာရောက်ကြသည်မို့ ဈေးတန်းကရှည်လျားလွန်းလှသည်။

ဒီဘက်ကစသည့်ဈေးတန်းသည် ဟိုးဘက်အခြမ်းမြန်မာစာသင်ကျောင်း
နားသို့ပင်ရောက်လုနီးပါး။

သို့....မာလီပါး  [Complete]Donde viven las historias. Descúbrelo ahora