လက်ရေးလှလှလေးဖြင့်ရေးထားသည့်စာလေးမှာအစိမ်းရောင်စာရွက်သေးသေးလေးပေါ်တွင်လေးကြောင်းတည်းသာ။ကိုယ်တိုင်ထိုးပေးသည့်bowကလေးရယ်၊လက်ရေးစာလေးရယ်ကြောင့် ဝသုန့်ပျော်ရွှင်မှုမှာ ပြောပြလို့ပင်မရနိုင်ပေ။ထိုအချိန်ဘေးအိမ်မှဖွင့်သည့်သီချင်းမှာ "ခေါင်းလောင်းလေးတွေမြည်နေပြီ"တဲ့။

"ခုတော့သိပြီသူ့ကို ကိုယ်ချစ်သည်..."စာသားတစ်ကြောင်းတည်းအားထပ်ခါထပ်ခါရေရွတ်ရင်း မျက်ဝန်းမှမျက်ရည်စများ ဝဲတက်လာတော့သည်။အနည်းငယ်တုန်ယင်စပြုနေသည့်လက်တို့အား ဆုပ်ကိုင်ထားရင်း ခုတင်ထက်တွင် ငြိမ်ငြိမ်သက်သက်ထိုင်နေလိုက်မိသည်။
ဘဝမှာပထမဆုံးအကြိမ်တုန်လှုပ်မိခဲ့ခြင်းပါပဲ။ထပ်ချစ်ဖို့မဖြစ်နိုင်တော့ဘူးလို့တွေးခဲ့မိပေမဲ့တကယ်တမ်းကျနှလုံးသားအား မချစ်ဖို့ရာမစေခိုင်းနိုင်ခဲ့။ချစ်မိမည်စိုးရျ်ရှောင်ပတ်ပြေးနေရင်းမှပဲ အချစ်အား ဝင်တိုက်ခဲ့မိသည်။

"ဒေါ်ပန်းမွှေ့နီနီ"နာမည်လေးလုံးနဲ့အနီရောင်နဲ့တူတဲ့ဒီအမျိုးသမီးကိုမချစ်မိလိုက်ဖို့သတိပေးနေခဲ့ပေမဲ့ နောက်ဆုံးမှာ ချစ်နေမိခဲ့ကြောင်းကိုယ့်ကိုယ်ကိုယ်ဝန်ခံလိုက်ရတာပါပဲလေ။ကမ်းစပ်ကိုရိုက်ခတ်ပြီးပြန်ထွက်သွားတဲ့လှိုင်းလုံးငယ်ဟာ ကမ်းစပ်ကိုပြန်ရောက်လာရသလိုမျိုး ထိုအမျိုးသမီးကိုပုန်းရှောင်နေခဲ့မိတဲ့နှလုံးသားတစ်စုံကလည်း သူ့ခြေရင်းမှာပြန်ခစားမိတာပါပဲ။

ချစ်မိသွားသည်ဆိုတာထက်ချစ်မိခဲ့တာဆိုပိုမှန်ပါလိမ့်မည်။အသံလည်းမကြားရ၊ရုပ်လည်းမမြင်ဖူးရပါဘဲ သူ့အကြောင်းတွေက ကိုယ့်အသိထဲဝယ်စွဲနေခဲ့တာအခုမှမဟုတ်ပါဘဲ။လွန်ခဲ့တဲ့လေးနှစ်တည်းက ထိုအမျိုးသမီးကို စိတ်ထဲရှိနေခဲ့တာ။သူမဆံနွယ်တွေဘယ်လောက်ရှည်ကြောင်း၊သူမပုံစံကဘယ်လိုရှိကြောင်း တစ်ယောက်ယောက််စီက ကြားသိခဲ့ရသည့်ဆယ်တနးတည်းက သူမပုံစံကိုပုံဖော်ရင်းသူမက နှလုံးသားထဲမှာ နွယ်တစ်ပင်ဖြစ်ခဲ့သည်ထင်ရဲ့။

ပထမဆုံးအကြိမ်အပြင်မှာမြင်ဖူးခဲ့သည့်သူမအပြုံးမှာ ကိုယ့်နှလုံးသားလေးကပထမအကြိမ်လှုပ်ခတ်ခဲ့ပြီးလေးနှစ်ကြာမှပြန်တွေ့ရသည့်သူမရဲ့ပုံရိပ်နဲ့အသံလေးက ဒုတိယအကြိမ်ကိုယ့်အားလှိုက်ခုန်စေခဲ့သည်။

ချစ်မိခဲ့သည်ဆိုရာဝယ် (OR) ချစ်သောမမနီ(Completed)Where stories live. Discover now