Chap 4 ပုံရိပ်ယောင်အနုပညာရှင်များ

Start from the beginning
                                    

ဆေးဆိုင်မှာ သိပ်မကြီးဘဲ ပုံမှန်အားဖြင့် ခုလိုနေ့အချိန်တွင် လူရှင်းနေတတ်သည်။ ဆေးဆိုင်၏ ကောင်တာပေါ်တွင် ဓာတ်ခွဲခန်းအင်္ကျီကို ဖြစ်သလိုဝတ်ထားသော လူတစ်ယောက် မှောက်အိပ်နေသည်။ Fang Zhao ဝင်လာသောအခါ၊ ဝင်ပေါက်နားရှိ လှုပ်ရှားမှုအာရုံခံစက်မှ အသံမြည်လာသည်။

ထိုလူသည် ခေါင်းထူပြီး အိပ်ချင်နေသောအမူအရာဖြင့်သန်းဝေကာ ဝင်ပေါက်သို့လှမ်းကြည့်လိုက်သည်။ Fang Zhao ကိုတွေ့လိုက်သောအခါ ရုတ်တရက်အေးခဲသွားသည်။

ဆေးဆိုင်ပိုင်ရှင်မှာ အတော်အံ့သြသွားသည်။ မနေ့က ထိုလူငယ်၏သေချင်စိတ်ပြင်းပြနေပုံကို မှတ်မိနေသေးသည်။ ထိုလူငယ်ကို အကျိုးမဲ့အရာတွေမလုပ်ရန် ဖျောင်းဖျခဲ့သော်လည်းမရပေ မှောင်ခိုလမ်းမှနောက်တစ်ယောက် ပျောက်ကွယ်သွားပြန်ဦးမည်ဟု သူထင်ခဲ့သည်။ မှောင်ခိုလမ်းများပေါ်တွင် ထိုသို့ကိစ္စများ မကြာခဏဖြစ်လေ့ရှိသည် လူတစ်ယောက်သည် အသက်ရှင်လိုစိတ်ဆုံးရှုံးသွားလျှင် မိမိကိုယ်ကို အဆုံးစီရင်သွားတတ်ကြသည် ၎င်းတို့သေဆုံးမှုသည် မှောင်ခိုလမ်းဘေးမှ ပိုးကောင်ငယ်များလို အရေးမပါပေ

Fang Zhao ပြန်ပေါ်လာမှုကြောင့့် သူသတိလက်လွတ်ဖြစ်သွားသည် သူ့ဘဝတွင် အရာအားလုံးတွေ့ကြုံဖူးသော်လည်း တူညီသောလူတစ်ယောက်က မတူကွဲပြားတဲ့စိတ်အခြေအနေနဲ့ နောက်တစ်ကြိမ်ပြန်ပေါ်လာလိမ့်မည်ဟု လုံးဝမထင်ခဲ့ပေ

ဆေးဝယ်တာက သတ်သေဖို့ မဟုတ်ဘူးလား? ဆိုင်ရှင်က အံ့သြသွားသည်။

ဒါလည်းမဖြစ်နိုင်ပေ အတွေ့အကြုံရင့့်သောဆရာဝန်တစ်ယောက်အနေနဲ့ သူယူဆချက်မမှာှာကြောင်း သူယုံသည် ဒါဆို သူ့ကိုယ်သူသတ်သေဖို့ ဆေးကိုဝယ်ခဲ့ပေမယ့် အကြောင်းတစ်ခုခုကြောင့် စိတ်ပြောင်းသွားခဲ့ပုံရသည်ည်

အံ့အားသင့်မှုက ခဏသာကြာပြီး ပြန်ပျောက်သွားသည်

အနက်ရောင်လမ်းပေါ်တွင် ကိုယ့်ကိုယ်ကိုယ် သေအောင် ညှင်းပန်းနှိပ်စက်တတ်သူများရှိသလို ညတွင်းချင်း အသက်ရှင်ရန်အကြောင်းပြချက် ရှာတွေ့သူများလည်း ရှိတတ်သည်။

Superstars Of Tomorrow ( Myanmar Translation)Where stories live. Discover now