132

8.1K 1.3K 44
                                    

{Unicode}

"ငါတောင့်နေပြီ"

ယဲ့ဖန်သည် ဝမ်ယန်အား အိပ်ခန်းထဲ ပြန်ဆွဲခေါ်သွားသည်။

တံခါးပိတ်လိုက်သည်နှင့် တစ်ပြိုင်နက် ကြေကွဲဝမ်းနည်းဖွယ်ရာ ငိုသံများက ချက်ချင်းဆိုသလို ပိတ်သွားသည့် တံခါးချပ်နောက် ခပ်ရေးရေးမျှသာ ထွက်လာတော့သည်။

ရန်ကျားလိသည် မသဲမကွဲ နာကျင်အော်ဟစ်သံများနှင့် မချိတင်ကဲ ဟစ်ကြွေးသံများကို နားထောင်ကာ အပြင်ဘက်မှ မှောင်မိုက်မိုက် လရောင်နှင့် မှုန်ဝေမှိုင်းဖျနေသော လမင်းကို ကြည့်နေရင်း တစ်ကိုယ်လုံး အလွန်အမင်း အေးစက်လာသည်ဟု ခံစားလိုက်ရပြီး မကူနိုင်မကယ်နိုင် ချမ်းတုန်နေတော့သည်။

ထိုနေ့ညတွင် ဝမ်ယန်သည် ယဲ့ဖန်၏ အိပ်ခန်းထဲမှ ထပ်မံ ထွက်မလာတော့ပေ။

ဒုတိယနေ့တွင်လည်း ဝမ်ယန်တစ်ယောက် အစအန ပျောက်ဆုံးနေခဲ့သည်။

ညဘက် ယဲ့ဖန် ပြန်ရောက်လာပြီး အိပ်ခန်းထဲ ဝင်လိုက်မှသာ အထဲမှ ရင်းနှီးနေသော ဟစ်ကြွေးသံများကို ကြားနိုင်သည်။ သံကြိုးကွင်းများ၏ တချွင်ချွင် လှုပ်ယမ်းသံများကိုလည်း မပြတ်မသား ကြားနေရ၍ ရန်ကျားလိသည်ပင် ထိတ်လန့်ကာ နှလုံးသားက ခုန်ပေါက်လာသည်။

တတိယနေ့ နေ့ဘက်တွင်လည်း ဝမ်ယန်က ထွက်မလာခဲ့။

ရန်ကျားလိတစ်ယောက် စတင်၍ စိုးရိမ်ပူပန်လာပြီး ဝမ်ယန် တစ်ခုခုများ ဖြစ်နေပြီလားဟု သံသယဝင်လာချိန် ညဘက် ဆယ့်တစ်နာရီဝယ်၊ အိပ်ခန်းတံခါးက နောက်ဆုံးတွင်တော့ ပွင့်လာချေပြီ။

ဝမ်ယန်သည် ယဲ့ဖန်၏ အိပ်ခန်းထဲမှ အလွန်နှေးကွေး တောင့်တင်းစွာ ထွက်လာသည်။

လွန်ခဲ့သည့် ရက်ပိုင်းတွင် ဝမ်ယန်မှာ အနည်းငယ် တက်တက်ကြွကြွ ရှိနေသေးသော်လည်း ယနေ့ကြည့်လိုက်ရာတွင်တော့ သူသည် လမ်းထလျှောက်နေသော အလောင်းကောင်အလား မျက်လုံးများက စိတ်ဝိညာဥ် ပျောက်ဆုံးနေကာ မွဲ​ခြောက်ခြောက်နှင့် ဗလာကျင်းနေသည်။ သူ့ခန္ဓာကိုယ်မှ ဒဏ်ရာဒဏ်ချက်များသည်လည်း ပိုများလာပြီး အင်္ကျီကော်လံကပင် ဖုံးထားမပေးနိုင်တော့ဘဲ ခရမ်းနီလွင်ပြင်ကြီးသာ ဖြစ်နေတော့သည်။

ရည်းစားဟောင်းက ငါ့ကိုမျက်စိကျနေပြန်ပြီ (ဘာသာပြန်)Where stories live. Discover now