" မျက်နှာကြီးက ဘာလို့ဆူနေရတာတုန်း "
" surpriseလုပ်မလို့ ပွဲပျက်သွားလို့လေ "
" ပွဲမပျက်ပါဘူး ကျတော်တကယ်ပဲ surpriseဖြစ်ရပါတယ် "
သိပ်ကျေနပ်တယ်ရယ်လို့မဟုတ်ပေမဲ့ ဟန်နရီရဲ့မျက်နှာလေးက အနည်းငယ်ပြုံးလာသည်
" ရပီ မင်းတို့ဒီနေ့စောစောအလုပ်နားတော့ "
" ဟုတ်ကဲ့ သခင်လေး "
မိလှိုင်တို့အရှေ့မို့ ဟန်နရီသူ့မျက်နှာကိုအတတ်နိုင်ဆုံးရုပ်တည်ထားသည် မိလှိုင်တို့ထွက်သွားတာနဲ့ ခက်ထန်နေတဲ့မျက်နှာလေးက ချက်ချင်းပြုံးကာ လွန်းရဲ့အနားကိုပြေးလာလိုက်သည်
" ကို့ကလေးလေးအများကြီး ပင်ပန်းသွားပီလားဟင် "
" သွားပါ ဖုန်းလေးတောင်တချက်မဆက်ပဲ အခုမှလာစိုးရိမ်မနေနဲ့ "
" ကိုက surpriseလုပ်ချင်လို့ မနက်ကဖုန်းမဆက်ဖြစ်တာပါ အချစ်ရယ် "
" ဆင်ခြေကောင်းလို့ ခွင့်လွှတ်ပေးလိုက်တယ်မှတ် "
ဟန်နရီသူ့လက်ထဲက cakeကိုစားပွဲပေါ်လှမ်းတင်လိုက်ပီး လွန်းရဲ့ခန္ဓာကိုယ်လေးကိုပွေ့ဖက်လိုက်သည်
" ကိုဖက်ထားပါရစေအုံး ဒီခန္ဓာကိုယ်သေးသေးလေးကို ဘယ်လောက်တောင်လွမ်းနေရလဲသိရဲ့လား "
" ကျတော်လဲလွမ်းနေခဲ့တာပါ "
" ကိုကအချစ်လွမ်းတာထက် ပိုလွမ်းတယ် "
အမြဲတမ်းသူပဲအနိုင်လိုချင်တဲ့ကောင်လေးကြောင့် လွန်းတယောက်ခပ်ရေးရေးလေးပြုံးကာ ဟန်နရီရင်ခွင်ထဲခို၀င်လိုက်သည်
" ဟိုမှာ အိမ်မြှောင်ကြီး "
" ဟမ်ဘယ်မှာ? "
" ပြွတ် "
အငိုက်မိသွားတဲ့လွန်းရဲ့နှုတ်ခမ်းလေးကို ဟန်နရီနမ်းရှိုက်ကာ အနိုင်ယူလိုက်သည် လွန်းကပါးချိုင့်လေးတွေပေါ်အောင်ပြုံးပြတော့ ဟန်နရီသဘောကျကာ လွန်းရဲ့ပါးလေးကို ခပ်ဖွဖွလေးကိုက်ဆွဲလိုက်သည်
" ကို့ကိုချစ်လား "
" ချစ်ဘူး "
" အာ အချစ်ကကို့ကိုနောက်နေပြန်ပီကွာ ချစ်လားလို့.... "
Ch-13(Uni/Zg)
Start from the beginning