" နေပါဦး ဉက္ကဌကြီးရဲ့... ဒီပရောဂျက်ကပြီးမှ
မပြီးသေးတာ....ကင်မ်ကလည်း ကောင်းကောင်း
သက်သာသေးတာမဟုတ်ဘူး.... "

" ထယ်ယောင်းကိုစောင့်နေလို့တော့မဖြစ်ဘူး
ငါအဆင်ပြေအောင် မင်းနဲ့တွဲလုပ်ရမယ့်
လူတစ်ယောက်ရှာထားပေးတယ်....
မင်းကသူနဲ့လုပ်ရမှာ ... နောက်တစ်ပတ်ထဲ
အလုပ်စမှာမို့ အသင့်ဖြစ်နေပါစေ "

ပြောချင်တာပြော၍ဖုန်းချသွားပါသောသူက
လုပ်ချင်ရာဇွတ်လုပ်မယ့် တဇွတ်ထိုးသမား
ဖြစ်နေတော့ သူဘယ်လိုလုပ်ရမလဲ။

အပေါ်တက်၍ အခန်းတံခါးကိုအသာဖွင်ကြည့်တော့
အိပ်မောကျနေတဲ့ ကင်မ့် ကိုတွေ့တယ်။
ဒုန်းဆိုင်းသောင်းကျန်းလို့အခန်းထဲဝင်သွားပြီး
ကတည်းက အိပ်နေတဲ့ကင်မ်ဟာ နှစ်နှစ်ခြိုက်ခြိုက်
ဖြစ်နေသည်မို့မနှိုးဖြစ်တော့ ....
.
.
.
.

ရက်တွေအလီလီပြောင်းလဲလာသည်မှာ
ကင်မ့် လက်တောင်ပြန်ကောင်းစပြုလာပြီ
တစ်ညခင်းမှာတော့ရေချိုးခန်းထဲအလုပ်ရှုပ်
နေသော အကြင်လင်ခင်ပွန်းနှစ်ယောက်ရဲ့
ကျီစားသံများကိုကြားရပါဦးမယ်။

"လက်ကိုမြှောက်ထားလေ ကင်မ်ရဲ့ "

" ညောင်းနေပြီလေ "

သူ့ပခုံးပေါ်လက်ကိုအသာတင်ရင်းခါးကြီးကိုင်းလို့
မတ်မတ်မရပ်ဘဲ အသဲချွဲကြီးနဲ့ပြောပြန်သည့် ကင်မ်

" ရော့....ခဏကိုင်ထားဦး ဆပ်ပြာတိုက်ပေးမယ် "

အားနေတဲ့လက်ထဲကိုရေပန်းလေးထည့်ပေးကာ
ဆပ်ပြာရည်ကို ယူလိုက်ရင်း ခန္ဓာကိုယ်အ‌ပေါ်ပိုင်းအနှံ့
လိုက်တိုက်ပေးနေတဲ့ငယ်ဟာ ဆူပုပ်ပုပ်နှင့်
မကြည့်ကြည့်လေးနဲ့လည်းကြည့်တတ်သေးသည်။

" ဟော...စင်ကုန်ပြီလေ "

ဂျိုင်းအောက်ကိုဆပ်ပြာတိုက်ပေးတော့ ယားတတ်တဲ့
သူကရေပန်းခလုတ်ကိုဖိမိကာ ရှေ့ကယုန်စိတ်တိုကလေး
အားရေတွေစင်ကုန်တော့ အသံစာစာ တို့ကအလိုမကျ
ထွက်လာသည်။

" ယားတတ်တာကို ငယ်လည်း... "

" တမင်လုပ်ပြီးများ အပိုမပြောနဲ့ "

မျက်စောင်းတထိုးထိုး နှုတ်ခမ်းတထော်ထော်ရန်
တွေ့သူကို ကြည့်ကတအားကိုစချင်လာတော့သည်။

𝗠𝘆 𝗣𝗲𝗿𝗳𝗲𝗰𝘁 𝗔𝗹𝗽𝗵𝗮 [ 𝙑𝙠𝙤𝙤𝙠 ]©✓Where stories live. Discover now