" ပစ္စည်းယူဖို့အတွက် ငါ့ဘက်ကလူတယောက်ကိုလွှတ်လိုက်မယ် မင်းဘက်ကလဲ လူတယောက်ပြန်လွှတ်လိုက် "

ဟန်နရီက Samကိုမေးငေါ့ပြလိုက်တော့ စည်းမျဉ်းပေါ်က ပစ္စည်းတွေရှိတဲ့နေရာဆီဦးတည်သွားလိုက်သည် တဖက်ကလူတယောက်ကလဲ ထိုစည်းမျဥ်းရှိရာသို့ဦးတည်လာသည်

တဖက်လူက Samကိုသေချာကြည့်ကာ သူတို့နဲ့လဲမဲ့ luggageကိုဆွဲယူလိုက်သည်

" နေအုံး!! "

အနောက်ကနေ ထွက်ပေါ်လာတဲ့ ဟန်နရီရဲ့အသံကြောင့် အကုန်လုံးရဲ့အကြည့်က ဟန်နရီဘက်ဦးတည်သွားသည်

" ပစ္စည်းလဲယုံလေးပဲကို ဘာကိစ္စခင်ဗျားလူတွေက ကျုပ်
တပည့်ကိုအ၀ေးကနေ သေနတ်နဲ့ချိန်ထားရတာလဲ "

" ဒါကတော့ ကြိုတင်ကာကွယ်တဲ့အနေနဲ့အဆင်သင့်ပြင်ထားယုံပါပဲ "

" အဲ့လိုဆိုရင်တော့ အခုချက်ချင်း ခင်ဗျားတို့ရဲ့ပစ္စည်းတွေကိုပြန်ယူသွားတာကောင်းလိမ့်မယ် ကျုပ်လူကို အခုလိုစောက်ချိုးလာလုပ်နေရင်တော့ ခင်ဗျားတို့နဲ့ပစ္စည်းမလဲနိုင်ဘူး "

"မင်းမှာလဲတပည့်တွေအများကြီးရှိနေတာကို ဒီဘာမဟုတ်တဲ့လူတယောက်အတွက်နဲ့ အခွင့်အရေးကိုလက်လွှတ်လိုက်တော့မလို့လား "

တဖက်လူရဲ့စကားကြောင့် ဟန်နရီတဖက်ကိုလှည့်ကာ သူ့ပါးစပ်ထဲက ပီကေကိုထွေးထုတ်လိုက်ပီး ခါးကြားထဲမှ သေနတ်ကိုဆွဲထုတ်လိုက်သည် ဟန်နရီသေနတ်ဆွဲထုတ်တာမြင်တာနဲ့ တဖက်လူရဲ့တပည့်တွေက ဟန်နရီကိုအ၀ေးကနေ သေနတ်နဲ့ပြန်ချိန်ထားလိုက်သည် ဟန်နရီအနောက်မှာမတ်တပ်ရပ်နေတဲ့နောက်လိိုက်တွေကလဲ သေနတ်ကိုယ်စီထုတ်ကာ တဖက်အဖွဲ့ကိုပြန်ချိန်ထားလိုက်သည်

" ခင်ဗျားတိို့ဘက်က ကျုပ်တပည့်ကိုချိန်ထားတဲ့ သေနတ်တွေကိုပြန်ချထားလိိုက်ရင်ကောင်းမယ်ထင်တယ် မဟုတ်ရင်ဒီမှာတင် နှစ်ဖွဲ့လုံးသူသေကိုယ်သေဖြစ်သွားလိမ့်မယ် "

" ငါတို့ကမင်းကို ဘယ်လိုယုံရမှာလဲ ဗစ်တာ "

ဟန်နရီက သူ့သေနတ်ထဲက ကျည်တွေကိုတတောင့်ချင်းဆွဲထုတ်ကာ အ၀ေးကိုလွှတ်ပစ်လိုက်သည်

HANARY(S1+S2) Where stories live. Discover now