သိပ်မကြာမီပင် စာသင်နှစ်၏နောက်ဆုံးစာမေးပွဲသို့ ရောက်လာပြီ၊ကျန်းဝမ်ရွီ
2002မှာ ဖြစ်ပျက်ခဲ့သမျှအရာအားလုံး
ကိုအသေအချာမှတ်မိနေခဲ့တယ်။ဖိုင်နယ်စာမေးပွဲကြီး ပြီးချိန်တွင်သူ့အသက်က
18နှစ်သာရှိသေးပြီးအသက်17နှစ်အရွယ်
ဟယ်ကျစ်ရှုကို ချစ်စကားပြောခဲ့ဖူးတယ်။

ခုချိန်မှာတော့, အသက်18နှစ်အရွယ်
ကျန်းဝမ်ရွှီက ခက်ခက်ခဲခဲ စာတွေကို
ပြန်လေ့လာနေရတယ်၊ ဘောလုံးကစား
တာကိုရပ်လိုက်ပြီး ပန်းချီဆွဲ နေခဲ့တယ်။

တနေ့ ကျန်းဝမ်ရွှီ အား အိမ်စာစာအုပ်တွေ
သယ်ယူရန် ရူပဗေဒဆရာက ရုံးခန်းသို့ စေလွှတ်ချိန် သူဆွဲနေတဲ့ပန်းချီစာအုပ်လေးက ပြတင်း ပေါက်မှတိုက်ခတ်လာတဲ့လေကြောင့်ဖွင့်လျက်သားလေးဖြစ်သွားတယ်။

အကောင်းဖက်ကတွေးမယ်ဆိုပါက
အေးစက်စွာပြုံးမိရုံမျှသာ၊ပြဿနာတွေ
ကိုတွေးမိရင်လည်း ဟာသများသာပင်၊
ထိုအထဲ၌သူ၏အသက်ဝင်လှသော ပန်းချီပုံတွေနှင့်အတူ နူးညံ့သောကောက်ကြောင်းတို့ကို တွေ့နိုင်တယ်။သို့သော်ဟယ်ကျစ်ရှု၏
နှလုံးသားတို့ တသိမ့်သိမ့်လှုပ်ခုန်နေတယ်။

နောက်ဆုံးစာမေးပွဲအပြီးတွင် ,ဟယ်ကျစ်ရှု
ကပထမ၊ ကျန်းဝမ်ရွှီက ဒုတိယ ရခဲ့ကြတယ်၊
ဟယ်ကျစ်ရှုအပြင်ထွက်ချိန်တိုင်းသူ့ရင်ခွင်ထဲ၌ စာအုပ်လေး တအုပ်တော့အမြဲရှိနေလျက်ထွေးပိုက်ထားလေ့ရှိတယ်၊

"ကျန်းကျန်ရဲ့ စာအုပ်တွေကို မင်းကြိုက်တယ်လို့ ငါကြားတယ်, မင်း ဒီစာအုပ်လေးကိုလည်း နှစ်သက်မယ်လို့ မျှော်လင့်တယ်,
စကားမစပ် မင်းငါ့ကိုလည်းနှစ်သက်ဖို့
မျှော်လင့်တယ်..."

အဲ့ဒီအချိန်တုန်းကတော့ သူ့လိုမျိုး
ဟယ်ကျစ်ရှု ကလည်းငယ်ရွယ်ပြီး
သူပြောတဲ့ စကားတွေအပေါ်
အရိပ်အမြွက် ခံစားပေးခဲ့ဖူးတယ်။

အခုသာအဲ့ဒီလို ထပ်လိုက်ရမယ်ဆို,
ကျန်းဝမ်ရွှီ တစ်ယောက်ဘာဆက်လုပ်ရ
မလဲဆိုတာကို မသိတော့ဘူး၊ သူကကျန်းကျန်၏လက်ရာစုစည်းမှုစာအုပ်လေးကို ဝယ်ယူထားပြီးဖြစ်ကာ ဟယ်ကျစ်ရှုကို
သူပေးချင်တယ်၊ဟယ်ကျစ်ရှုကိုသူအမြဲတမ်းချစ်နေမည် ဖြစ်ကြောင်း အသိပေးလိုသည်မှအပသူ့တွင် အခြားသောရည်ရွယ်ချက်
အမှန်တကယ်မရှိဘူး။

အသစ်တဖန်မွေးဖွားလာမည့်ထာဝရအတွက်ချစ်​​​မေတ္တာ(MM Translation)Complete✔✔✔Where stories live. Discover now