"ဦးနှိုင်း ကျနော်နဲ့ dinner လိုက်စားပါလား"

နှုိင်းသည် Kristin ကို လှည့်ကြည့်လိုက်ပြီးအနည်းငယ်ပြုံးပြကာ

"ဟုတ်ပြီ"

"အဲ့တာဆို ဖုန်းနံပါတ်လေးပြန်ပေးပါ့လား စားသောက်ဆိုင်ကိုကျနော်ရွေးမယ်"

ထိုနေရာမှာဖုန်းနံပါတ်လဲ ပြီး နှုိင်းနှင့်ဝေယံတို့အတူ လေ လံပွဲထဲကထွက်လာခဲ့ ကြသည်

.
.
အိမ်မှာ ရှိနေတဲ့ ဇနကတော့ ဦးမရှိတုံး သူငယ်ချင်းနှစ်ယောက်နှင့်အတူ PUBG ဆော့ နေသည်မှာ အချိန်အတော်ကြာမြင့်စွာနှင့်ပင် ​ဘယ်လောက်ပင်ကြာသွားသလဲဆိုရင် နေလည်စာပါ မစားမိသည်အထိပင်

နှုိင်းသည် နေ့လည်ခင်းတစ်ခေါက်အိမ်ပြန်ရောက်လာပြီး ဇနငယ်ရှိရာအခန်းသိူ့မလာခင် မီးဖိုချောင်ရှိဒေါ်မြက အရင်ရောက်လာကာ

"သခင်ကြီး..သခင်လေးအခုထိ နေလည်စာထမင်းမစားရသေးဘူး"

"ညနေခင်း၄နာရီတောင်ထိုးတော့မယ် အခုထိ အောက်ဆင်းမလာသေးတာလား"

"ဟုတ်..ဟုတ်ပါတယ်သခင်ကြီး"

နှုိင်းလေ လံ ပွဲကိစ္စနှင့်စိတ်မကြည်ရတဲ့ထဲ ဇနလေးက ထမင်းမစားထားဘူးမလို့ ဒေါသပင်ဖြစ်လာရတဲ့အထိပင်

အပေါ်ထပ်သို့တတ်ပြီးဇနငယ်ရှိရာအခန်းသို့ ဝင်ခဲ့လိုက်သည်

"ဟျောင့်တွေ..မင်းအမေလင်က..အရှေ့ကသစ်ပင်မှာ...ဟ..ပစ်ဟ..ငါသေတော့မယ်..ပစ်လို့..မအေဘေးလေးတွေ...ဟာသေတော့မယ်..လာကယ်အုံးလို့ ချီးပိုးထိုးတွေရဲ့..ဟ..ငါသေပြီ..xီးဘဲ မအေxိုး

တံခါးကဖွင့်ထားသည်မလို့ တန်းဝင်နိုင်ပြီး အထဲမှ မွှေ့ယာထပ်၌ PUBGဆိုသည် gameကို အသည်းအသန်ဆော့နေပြီး ပါးစပ်မှလဲအဆဲစကားလုံးတွေတန်းဆီကထွက်လာပေသည်

နှုိင်းသည် မျက်မှောက်ကြုံကာ နှင့် နံရံမှီကာ ဇနငယ်က စူးစိုက်စွာကြည့်နေလိုက်သည်
ပြီးနောက်

"ကိုယ်တစ်ယောက်လုံးဝင်လာတာကို ပါးစပ်က ဆဲတာမရပ်ဘူးတောက်လျှောက်ပဲ..နောက်ပြီး ဘယ်အချိန်ထိ gameဆော့နေမှာလဲနေလည်စာ အချိန် လဲကျော်ပြီ အခုထိဘာမှမစားရသေးဘူးမလား"

Uncle And Me (House Slave Season3)Where stories live. Discover now