Chap 2 အနက်ရောင်လမ်း (သို့)မှောင်ခိုလမ်း

Start from the beginning
                                    

အစိုးရက လျော်ကြေးငွေ အများအပြား ပေးပြီး လူမှုဖူလုံရေးစနစ်ကိုတည်ထောင်ကာ ထောက်ပံ့ပေးခဲ့သောကြောင့်သာ သူတို့ကျောင်းပြီးအောင်တတ်နိုင်ခဲ့ကြခြင်းဖြစ်သည် မူလတန်းနဲ့ အလယ်တန်းကို ၅ ယောက်အတူတက်ခဲ့ပြီးကောလိပ်ကိုလည်းချီအန်းမြို့တွင် အတူတူဆက်တက်ခဲ့ကြသည် ၅ ယောက်လုံးမှာ တက္ကသိုလ်အသီးသီးရွေးချယ်ခဲ့ကြပြီး အချင်းချင်းအဆက်အသွယ်ရှိကြသည်  သို့သော် ငယ်စဉ်ကလောက် မရင်းနှီးကြတော့ပေ
ကမ္ဘာပျက်ပြီးနောက် ကမ္ဘာလုံးဆိုင်ရာ မဟာမိတ်အဖွဲ့ကို ဖွဲ့စည်းခဲ့ပြီး ဂြိုလ်တစ်ခုလုံးကို တစ်ခုတစ်စည်းထဲ ဖြစ်စေခဲ့သည် ထိုမဟာမိတ်ကို အဓိကတိုက်ကြီး ရှစ်ခုနှင့် အထူးတိုက်ကြီး လေးခု ၊ ပေါင်း တိုက်ကြီး ၁၂ ခုတို့ဖြင့် ဖွဲ့စည်းထားသည်
Fang Zhao သည် အဓိက တိုက်ကြီး ရှစ်ခုအနက်မှ တစ်ခုဖြစ်သည့် နိုင်ငံရေးနှင့် ဘဏ္ဍာရေးအချက်အချာ ဖြစ်သော ချီအန်း၏ မြို့တော် ရန်ကျိုး တွင် နေထိုင်ခဲ့သည်။
မူလပိုင်ရှင်သည် သူငယ်ချင်း ၅ ယောက်တွင် အတော်ဆုံးဖြစ်ပြီး ရန်ကျိုးမြို့၏ အကောင်းဆုံး ဂီတကျောင်း ဖြစ်သော ချီအန်းဂီတအကယ်ဒမီတွင် တက်ရောက်နိုင်ခဲ့သည်

ခေတ်သစ်စတင်ချိန်ကတည်းက ချီအန်းဂီတ အကယ်ဒမီ၏တေးရေးဌာနသည် Yanzhou ၏သြဇာအရှိဆုံးတေးရေးဆရာအယောက်တစ်ရာစာရင်းတွင် တစ်ဝက်နီးပါးပါဝင်ခဲ့သည်။ ၄တို့ထဲ ကမ္ဘာလုံးအဆင့် သြဇာလွှမ်းမိုးမှုရှိတဲ့ တေးရေးဆရာတွေလည်း ပါဝင်ကြတယ်။ ဒါ့ကြောင့်  အကယ်ဒမီသည် လူများစွာရဲ့အိပ်မက်တစ်ခုဖြစ်လာသည်။

တေးရေးဌာန၏နောက်ဆုံးနှစ် ကျောင်းသားများအများစုသည် ဘွဲ့မယူမီကတည်းက တေးသံသွင်းကုမ္ပဏီများနှင့် စာချုပ်ချုပ်လေ့ရှိကြပြီး မူလပိုင်ရှင်လည်း ၄တို့ထဲမှတစ်ယောက်ဖြစ်သည် ဘွဲ့မရမီ နှစ်ဝက်အလိုလောက်တွင် ရန်ကျိုး၏ အဓိက ဖျော်ဖြေရေး လုပ်ငန်းစုကြီး သုံးခုထဲမှ တစ်ခုဖြစ်သည့် ငွေတောင်ပံ မီဒီယာလုပ်ငန်းစုနှင့် ခြောက်လကြာ အလုပ်သင် စာချုပ်ကို ချုပ်ဆိုခဲ့သည်။

အလုပ်သင်ပထမသုံးလတာကာလအတွင်း မူလပိုင်ရှင်သည် စီနီယာများ၏လက်တိုလက်တောင်းကိစ္စများကိုဆောင်ရွက်ပေးရပြီးကုမ္ပဏီမှစီစဉ်ထားသော သင်တန်းများကိုလည်း တက်ခဲ့ရသည်။ ဒုတိယသုံးလကို နှစ်စဉ်ပါရမီရှင်သစ် ပြိုင်ပွဲအတွက် ပြင်ဆင်ရန်အားစိုက်ခဲ့သည် နောက်ဆုံး၃လတာကာလတွင်းဆောင်ရွက်ချက်များကိုကြည့်ပြီး ကုမ္ပဏီတွင် ဆက်နေလိုသူများကို အချိန်ပြည့်ဝန်ထမ်းအဖြစ်ခန့်အပ်ကာ ပြိုင်ပွဲ၏ရလဒ်ပေါ်မူတည်၍အရင်းအမြစ်များခွဲဝေထောက်ပံ့ပေးမည်ဖြစ်သည်

Superstars Of Tomorrow ( Myanmar Translation)Where stories live. Discover now