သူ့စကားကိုထောက်ခံတဲ့အနေနဲ့ကျန်တဲ့သုံးယောက်ကပါခေါင်းတွေကိုအသည်းအသန်ညိတ်ပြကြတယ်။

ybမှာတော့မတတ်သာစွာပဲခေါင်းရမ်းမိတယ်။

မူးနေတဲ့သူတွေကအရူးတွေလိုပဲ ဖင်မှန်းမသိခေါင်းမှန်းမသိကြဘူး!

နောက်ဆုံးမှာတော့xzကိုအထဲကနေဆွဲခေါ်လာပီးအိမ်ပြန်ရန်ပြင်ရတော့တယ်။
ကားဆီလာနေတဲ့လမ်းတစ်လျှောက်xzကအငြိမ်မနေပြန်ဘူး။ ဟိုနေရာပြေးကပ်ရယ်လိုက် ဒီနေရာပြေးကပ်ငိုလိုက်နဲ့တကယ့်ကိုမှစောက်ရူးလိုပဲ။
ဒီပုံအတိုင်းဆိုကားနားကိုရောက်မဲ့ပုံမပေါ်ဘူး။ သူမူးနေတဲ့xzရဲ့တင်ပါးကိုခပ်နာနာလေးရိုက်ပီးငြိမ်သွားပီဆိုမှ ပွေ့ချီပီးကားထဲခေါ်လာခဲ့တော့တယ်။

အံ့သြတကြီးကြည့်ပီးသူတို့အချင်းချင်းတွတ်ထိုးနေကြတဲ့မိန်းကလေးအုပ်စုကိုလဲသူတစ်ချက်သာကြည့်ပေးလိုက်တယ်။

အခန်းကိုပြန်ရောက်တော့ အမူးသမားကိုဆိုဖာပေါ်ခဏတင်ပေးထါးပီးရေယူရန်ရေခဲသေတ္တာဆီလာခဲ့တယ်။
သူxzနားကိုပြန်ရောက်တော့ သကောင့်သားကမျက်လုံးကြီးဖွင့်ပီးမျက်နှာကျက်ကိုကြောင်တောင်တောင်ငေးကြည့်နေတယ်။ သူစိတ်ပူစွာပဲအနားကိုသွားလိုက်ပီးညင်သာစွာမေးလိုက်တယ်။

" ဘာဖြစ်လို့လဲ? အန်ချင်နေတာလား? "

xzကခေါင်းခါပြပီးအပေါ်ကိုဆက်ငေးနေတုန်းပဲ။

ဘာတွေအရူးထရပြန်တာတုန်းဟ!

" ဒါဆိုနေလို့မကောင်းလို့လား? လာ အိပ်ခန်းထဲသွားပီးအိပ်လိုက်ရအောင် ''

" ရိ ပေါ် ''

xzကအာလေးလျှာလေးအသံနဲ့ခေါ်တယ်။ မျက်လုံးမှာလဲမျက်ရည်တွေရစ်ဝဲလို့။

" အင်း ဘာဖြစ်လို့လဲ ငါဒီမှာရှိတယ် ''

" တကယ်တော့ငါမင်းကိုမပြောရသေးတဲ့လျို့ဝှက်ချက်ရှိတယ် ''

" အမ်? လျို့ဝှက်ချက်? "

" အင်း မင်းသိရင်စိတ်မဆိုးရဘူးနော်.... ''

အတည်ပေါက်ကြီးနဲ့ပြောနေပုံရတာမို့ ybကမျက်မှောင်ကြုံ့လိုက်တယ်။

ကျွန်တော့်ချစ်သူ ဆိုးပေလေးWhere stories live. Discover now