နှစ်တိုင်း သည်အချိန်တွင် သည်လို ဖြစ်မြဲ ဖြစ်သည်။ ကျောင်းသားများမှာမူ စာတစ်ခုတည်း စိတ်ပူစရာရှိပြီး ဆရာတွေမှာတော့ ကျောင်းသားတစ်ယောက်ချင်းစီ အားပူပန်ရသည်။ ထို့အပြင် မကျက်ထားသော အပုဒ်များနှင့် တိုးလာလျှင်လည်း ဖြေနိုင်ပါ့မလား ဟူသော အတွေးမှာ တစ်ခါသတ်ပြန်သည်။

ထို့အပြင် နတ်ကြီးသည်ဟု နာမည်ကြီးသော တက္ကသိုလ် ဝင် စာမေးပွဲ နီးလျှင်လည်း
တပည့်တစ်ယောက်ချင်းစီ၏ ကျန်းမာရေး ကိုလည်း ဂရုစိုက်ပေးရသည်။ စာများ အကုန်ပိုင်နေသော်လည်း မကျန်းမာလျှင် ဘာမျှ အသုံးမဝင်တော့ချေ။
ထို့ကြောင့် စားချိန် အိပ်ချိန် စာကျက်ချိန်တို့ မျှတအောင် တခါ စီမံပေးရသည်။
နှစ်တိုင်းကြုံနေရသော်လည်း ခွန်းမှာ ​ေနသားမကျချေ။ အစစအရာရာအား ခွန်းမှာ သူ့ ဆရာထက်ပင် စိတ်ပူနေတတ် သည်။

သို့သော် တိမ်တိုက် နှင့် စကားပြောရလျှင် အနည်းငယ်သက်သာ သည်။
တိမ်တိုက်ကြိုးဆိုသည်မှာ လွတ်လွတ်လပ်လပ်နှင့် ပေါ့ပေါ့ပါးပါး သာ နေတတ်သော ကောင်လေးတစ်ယောက်ဖြစ်တာမို့ တစ်စုံတစ်ခုတွင် ဘယ်သော အခါမှ လွန်လွန်ကျူးကျူး စိတ်မနှစ်ထားတတ်။ စိတ်ညစ်စရာဆိုလျှင်တောင် ထိုကောင်လေးဆီတွင် ကြာကြာ မနေနိုင်ပေ။ တကူးတက မမောင်းထုတ်သည့်တိုင်
သူ့အလိုလို ထွက်သွားကြရတာချည်း ။ ထို့ကြောင့် လည်း တိမ်တိုက် အားကြည့်လျှင် အမြဲ ပျော်နေတတ်ကာ ဘေးကသူများကိုပါ ပျော်ရွှင်စရာတွေဖန်တီးပေးတတ်သူလေးဖြစ်သည်။

တစ်ခါတရံ တိမ်တိုက်ပြောပြသော အကြောင်းအရာများမှာ ဟိုရောက်ဒီရောက် ဖြစ်နေတတ်သည် ။ တစ်ခုနှင့်တစ်ခုဆိုတာလည်း အဆက်အစပ်မရှိချေ။ အကြောင်းအရာတစ်ခုအား ပြောနေရင်းနှင့်ပင် နောက်တစ်ခုသို့ ပြောင်းချင်ပြောင်းသွားသည်။ သို့သော် နားထောင်လို့ကောင်းသည်။ တခါတလေ ကိုယ်နားမလည်သော သူ့ဟာသများအား သူ့ဘာသာ ပြောကာ တစ်ယောက် တည်း ရီနေတတ်ပြန်သည်။

လေလှိုင်းမှ ဖြစ်စေ လူချင်းပင်ဖြစ်စေ သည်ကောင်ငယ်လေးမှာ သူ့အား ပျော်ရွှင်စေသည်။

နေ့လည် ထမင်းစားချိန်တွင် ကန်တင်း၌ ခွန်းထမင်းစားနေစဥ် ....

NotWithStanding...(မည်သို့ပင်ဖြစ်စေ... ) (Completed)Where stories live. Discover now