"မင်း တကယ် အဲ့ဒီမှာ သွားထိုင်မလို့လား?"

ချင်ဝေ့ဟော်က လစ်လပ်နေတဲ့ ပြတင်းပေါက်နားက ထိုင်ခုံကို ပြန်ကြည့်လိုက်ပြီး ပြောလာ​၏။

"ပြဿနာမရှိပါဘူး။ လူမရရင်တော့ ငါ့ကို အပြစ်မတင်နဲ့နော်"

ချင်ဝေ့ဟော်က တကယ်ပင် Helmetအနက်ကိုကောက်ယူလိုက်ပြီး တစ်ဖက်ကလဲ ကျောပိုးအိတ်ကို သယ်ကာပြတင်းပေါက်အနီးက လွတ်နေတဲ့ထိုင်ခုံကို ရွှေ့သွားလေသည်။ ဒါက တကယ်ပဲ အပြင်ကနေ မြင်ရတဲ့ မြင်ကွင်းဖြစ်နေတာလားဆိုတာကိုတော့ သူမသိပေမယ့် အဲ့ဒီနောက်မှာတော့ စားသောက်ဆိုင်က အမှန်ပင် ပို၍ ပို၍ လူများလာခဲ့သည်။ထို့ကြောင့် အန်းနင်နဲ့ ရှောင်ကျောင်းတို့ ပြန်ပြီး အလုပ်များသွားကြပြန်သည်။

ဒီတစ်သုတ် အပြီးမှာတော့ သူမော့ကြည့်လိုက်ရာ ချင်ဝေ့ဟော်က ပြန်ထပြီး ကောင်တာအနီးမှာပြန်ထိုင်နေတာကို တွေ့လိုက်ရလေသည်။ သူက နို့တစ်ခွက်သောက်ရင်း သူ့ကို ကြည့်နေခဲ့သဖြင့် အန်းနင်ခမျာ ရှုံ့မဲ့မဲ့လေးနဲ့ ပြုံးပြလိုက်​၏။ထိုအခါ ချင်ဝေ့ဟော် မျက်ခုံးများ ပင့်တက်သွားပြီး နှုတ်ခမ်းတွေ ကွေးညွှတ်သွားခဲ့သည်။

ထို့နောက်မှာတော့ အချိန်တိုလေးအတွင်း၌ သူတို့နှစ်ယောက်ဟာ တစ်ယောက်ကို တစ်ယောက်ကြည့်ရင်း ပြုံးနေခဲ့ကြမိလေသည်။

ချင်ဝေ့ဟော်က ခေါင်းပြန်ငုံ့ကာ ဖုန်းကြည့်လိုက်သည်။ ရှောင်ကျောင်းကတော့ အန်းနင်ဆီ လျှောက်လာပြီး ပြုံးလျက် တီးတိုးပြောသွား​၏။

"အိုး~~ငါအခု နားလည်သွားပြီနော်~~"

စိတ်ရှုပ်ထွေးနေရှာတဲ့ အန်းနင်လေးကတော့ သူမ ဘာနားလည်သွားလဲဆိုတာ နားမလည်လိုက်ရှာပေ။

-

နောက်ဆုံးမှာတော့ ၉:၀၀ထိုးသွား​၏။ ထိုအချိန်မှာတော့ KFCကလဲ အတော်လေး တိတ်ဆိတ်သွားပြီပင်။ အန်းနင်လဲအဝတ်တွေလဲရန် အလုပ်သမားခန်းကို ဦးတည်သွားလိုက်​၏။ သူ ပြန်ထွက်လာတဲ့အခါ ချင်ဝေ့ဟော်ကတော့ ခေါင်းငုံ့ထိုင်နေရင်း ဖုန်းပွတ်နေဆဲဖြစ်သည်။ သူက ချင်ဝေ့ဟော်ရဲ့ မျက်နှာချင်းဆိုင်ဖက်ကို လျှောက်သွားလိုက်ပြီး ထိုင်လိုက်​၏။

လီမွန်ရောင်လျှပ်စီး || ဘာသာပြန် || 『Completed』Where stories live. Discover now