ကျန်းဝမ်ရွီ ဟယ်ကျစ်ရှုရဲ့ ပခုံးလေးကို
ဆုပ်ကိုင်ရင်း စိတ်အားထက်သန်စွာဖြင့်
ဖြောင့်ချက်ပေးနေမိတယ်။

ဟယ်ကျစ်ရှုက သူ့ပခုံးတွေကို ကျန်းဝမ်ရွီ
လက်ထဲမှ ရုန်းထွက်လိုက်တယ်။

" ငါ့ကို လက်လွှတ်ပေးပါ..မင်းပြောလာတဲ့ စကားလုံးတိုင်းလိုလိုက ငါ့ကို နာကျင်စေတယ်, ငါထွက်သွားခဲ့တဲ့ လေးနှစ်တာကာလအတွင်း မင်းသေမတတ် ခက်ခဲခဲ့တယ်လို့
ငါ့ကို ပြောလာတယ်၊ ဒါဆို မင်းငါ့ကို သစ္စာဖောက်ခဲ့တဲ့ နှစ်တွေတုန်းကရော
ငါဘယ်လို နေခဲ့ရလဲလို့ မင်းတွေးခဲ့ဖူးလား?"

ယခုတွင်မူကျန်းဝမ်ရွှီနှင့် အချင်းများဖို့ရာဟယ်ကျစ်ရှုကြောက်ရွံ့မနေခဲ့၊ သူအများကြီး ပြောနေပေမယ့်ကျန်းဝမ်ရွီီလိုလူစားမျိုးကကျွဲပါးစောင်းတီးမို့ ထူးခြားလာမည်
မဟုတ်တာကိုလည်းသူသိတယ်။

ကျန်းဝမ်ရွှီ ကျစ်ရှုအား ကြည့်နေမိရင်း
သူ့နှလုံးသားတွေ ပြာဖြစ်လုမတတ်
လောင်ကျွမ်းနေခဲ့တယ်၊သူ့မျက်လုံးတွေထဲလည်း ဘာဆိုဘာမှမမြင်နိုင်တော့ဘူး။

" ရှောင်ရှု, ကိုယ်ပြောတာတွေကို မင်းနားလည်မှု လွဲနေပြီ, ကိုယ်ခက်ခဲခဲ့တဲ့
အခြေအနေတွေကို ငြီးငြူပြတာမဟုတ်
ဘူး၊ ကိုယ်မင်းကို ပြောပြချင်ရုံပါ,
ကိုယ်မင်းကို ဘယ်လောက်လွမ်းနေခဲ့လဲ ?
ကိုယ်မင်းကို ဘယ်လောက်ချစ်လဲဆိုတာ
တွေကို ပြောပြချင်ရုံသက်သက်ပါကွာ!"

ဟယ်ကျစ်ရှု ကျန်းဝမ်ရွီီကို ကြည့်ရင်း
မျက်ရည်များပင် ထိန်းလို့မနိုင်အောင်
ကျဆင်းလာတယ်။သူ့ကိုယ်သူလည်း
မကျေမနပ်ဖြစ်မှု နှင့်အတူ တိတ်တဆိတ်
အပြစ်တင်နေမိတယ်။

ကျန်းဝမ်ရွီီ ကျစ်ရှု အနီးသို့ တိုးလာပြီး
ကျစ်ရှု ပါးပြင်ထက်က မျက်ရည်တွေကို
နူးညံ့စွာပင် သုတ်ပေးလိုက်မိတယ်၊
ထို အပြုအမူကြောင် ဟယ်ကျစ်ရှုက
အံ့သြမှုနှင့်အတူနောက်သို့ဆုတ်သွား
တယ်။

"ရှောင်ရှု, ကိုယ်အခုဆို အရာအားလုံးကို
ပြောင်းလဲနေပါတယ်, မင်းဘဝရဲ့ကာရံတွေကိုလည်း ကိုယ်မနှောင့်ယှက်ပါဘူး၊အမှောင်ထဲမှာပဲ မင်းကို အမြဲတမ်းသိမ်းဝှက်မထားချင်ဘူး၊ မင်းရဲ့ ပြောင်းလဲမှုတွေကို ကိုယ်
မြင်နေရတယ်"

အသစ်တဖန်မွေးဖွားလာမည့်ထာဝရအတွက်ချစ်​​​မေတ္တာ(MM Translation)Complete✔✔✔Where stories live. Discover now